မြန်မာဘာသာ
You are here: Home > News > International > Article

ဘယ်လိုဟာမျိုး ဒီဂျစ်တယ်ကမ္ဘာကြီးကို မိမိတို့ လိုအပ်တာလဲ

2018-11-09 09:30:43

ပဉ္စမ အကြိမ် နိုင်ငံတကာ အင်တာနက် အစည်းအဝေးကို တရုတ်ပြည် ဝူကျင့်မြို့မှာ ကျင်းပ နေပါတယ်။ ဒီအကြိမ် အစည်းအဝေးရဲ့ ဆောင်ပုဒ်ဟာ အပြန်အလှန် ယုံကြည်ပြီး အတူ စီမံခန့်ခွဲသော ဒီဂျစ်တယ် ကမ္ဘာကြီးကို ဖန်တီးပြီး အင်တာနက် ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ တည်ထောင်ခြင်း ဖြစ်ပါတယ်။

ဒီနှစ် ဇွန်လ လကုန်အထိ စာရင်းအရ၊ တစ်ကမ္ဘာလုံးမှာ အင်တာနက် လွှမ်းမိုးမှုနှုန်းဟာ ၅၅ ရာခိုင်နှုန်းကျော် ရှိပြီ ဖြစ်ပြီး အင်တာနက် အသုံးပြုသူ ဦးရေမှာ ၄၂ သန်းကျော် ရှိလာပါပြီ။ အင်တာနက်ဟာ လူအများရဲ့ အသိပညာ၊ နေထိုင်မှု အသွင်ပုံစံ၊ အတွေးအခေါ် အသွင်ပုံစံများကို နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲနေပါတယ်။

ဒါကြောင့် အင်တာနက်မှာ ထုတ်လွှင့်တဲ့ အကြောင်းအရာဟာ လွန်စွာ အရေးကြီးပါတယ်။ ဒါပေမယ့် အဖြစ်မှန် တစ်ခုကတော့ အင်တာနက်မှာ ပျံ့နှံ့တာ အမြန်ဆုံးဟာ များသောအားဖြင့် တုန်လှုပ် အံ့သြဖို့ ကောင်းတဲ့ သတင်းအတုတွေ ဖြစ်ပါတယ်။

World Wide Web တည်ထောင်သူ၊ ဗြိတိန် ကွန်ပျူတာ သိပံ္ပပညာရှင် Tim Berners-Lee ဟာ ၁၉၈၉ ခုနှစ်မှာ Mesh ကို တီထွင်ခဲ့ပါတယ်။ အခု လောလောဆယ်မှာ အင်တာနက် အခြေအနေနဲ့ ပတ်သက်ပြီး Tim Berners-Lee က၊ အင်တာနက် ကုမ္ပဏီကြီး အနည်းစုဟာ လူအများရဲ့ ကိုယ်ရေး အချက်အလက်များကို အလွဲ သုံးစား လုပ်နေကြောင်း၊ အင်တာနက်မှာ ရန်ငြိုးထားမှု ပျံ့နှံ့နေကြောင်း၊ အဲဒါဟာ သူ အစက အင်တာနက်ကို တီထွင်ခဲ့စဉ်က ရည်မှန်းချက်နဲ့ အဝေးကြီး ကွာဟနေကြောင်း စိတ်ပျက် ဝမ်းနည်းစွာ ပြောကြားခဲ့ပါတယ်။

Massachusetts Institute ကောလိပ်ကျောင်းမှ သုတေသန ရလဒ် တစ်ရပ် အရ၊ တွစ်တာ ပေါ်မှာ သတင်းအတု တစ်ခုရဲ့ သတင်း ထပ်ဆင့် ထုတ်လွှင့်မှု ခံရနှုန်းဟာ သတင်းအမှန် တစ်ခုထက် ၇၀ ရာခိုင်နှုန်း ပိုများပါတယ်။ သတင်းအတုရဲ့ ထုတ်လွှင့်မှု မြန်နှုန်းဟာ သတင်းအမှန်ထက် အဆ ၁၀ မှ အဆ ၂၀ အထိ ပိုမြန်တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ