မြန်မာဘာသာ
You are here: Home > News > International > Article

တရုတ်-ထိုင်းသိပ္ပံနည်းပညာပူးပေါင်းဆောင်ရွက်ရေးအလားအလာကောင်းမွန်

2018-10-11 14:56:08

    ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး လျိုကျန့်က ထိုင်းနိုင်ငံသည်တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်းဖြစ်ကြောင်း၊နှစ်နိုင်ငံသည် သိပ္ပံနည်းပညာဖွံ့ဖြိုးရေးဆိုင်ရာ အတွေးအခေါ်နီးစပ်ပြီး သိပ္ပံနည်းပညာပူးပေါင်းဆောင်ရွက်ရေး အလား အလာကောင်းမွန်ကြောင်းယခုလ ၁၀ ရက်နေ့က ပြောကြားခဲ့သည်ဟုတရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

    ယခုနှစ်သည် တရုတ်-ထိုင်းနှစ်နိုင်ငံ အစိုးရသိပ္ပံနည်းပညာပူးပေါင်းဆောင်ရွက် ရေးသဘောတူစာချုပ်ချုပ်ဆိုခဲ့သော နှစ် ၄၀ ပြည့်နှစ်ဖြစ်ကြောင်း၊ ယခုထိ နှစ်နိုင်ငံ သိပ္ပံနည်းပညာ ပူးတွဲကော်မတီအစည်းအဝေး ၂၁ ကြိမ် ကျင်းပခဲ့ပြီး ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်း ရပ် ၈၀၀ ကျော်ကို အတည်ပြုခဲ့ကြောင်း၊ လယ်ယာစိုက်ပျိုးရေး၊ စွမ်းအင်၊ ဆေးဝါ၊ ဇီဝစသည့်နယ်ပယ်များစွာပါဝင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ