မြန်မာဘာသာ
You are here: Home > News > International > Article

ငြိမ်းချမ်းသော သံတမန်ရေး နည်းလမ်းဖြင့် ကိုရီးယားကျွန်းဆွယ်ပြဿနာကို ဖြေရှင်းသင့်သည်ဟု တရုတ်၊ရုရှား၊မြောက်ကိုရီးယားတို့က အတူတကွ ယူဆ

2018-10-11 12:48:12

    တရုတ်၊ရုရှား၊မြောက်ကိုရီးယား ၃ပွင့်ဆိုင် ဆွေးနွေးပွဲကို မကြာခင်က ရုရှားနိုင်ငံ၌ ကျင်းပခဲ့ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခမ်းက ကိုရီးယားကျွန်းဆွယ် ပြဿနာကို ငြိမ်းချမ်းသော နိုင်ငံရေးနှင့် သံတမန်ရေး နည်းလမ်းဖြင့် ဖြေရှင်းသင့်သည်ဟု ယင်းဆွေးနွေးပွဲမှ အချက်ပြထားကြောင်း အောက်တို ဘာလ ၁၀ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်း အရ သိရပါသည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ခွန်ရွှမ်ယု၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး မိုကူလို့ဖ် နှင့် မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ချိုစွန်ဟွေတို့သည် အောက်တိုဘာလ ၉ရက်နေ့က မော်စကိုမြို့၌ တွေ့ဆုံခဲ့ရာ ကိုရီးယား ကျွန်းဆွယ် အခြေအနေနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ