အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း စူလာဝေစီပြည်နယ်၌ မကြာခင်က ဖြစ်ပွားခဲ့သော အင်အားပြင်း ငလျင် နှင့် ငလျင်ဒီလှိုင်းကြောင့် လူ ၂၀၄၅ဦး သေဆုံးပြီး ၆၇၁ဦး ပျောက်ဆုံး နေကြောင်း၊ လူသားကယ်ဆယ်ရေး လုပ်ငန်းကို အောက်တိုဘာလ ၁၁ရက်နေ့တွင် တရားဝင် ရုပ်သိမ်းပြီးစီးမည်ဟု ၁၀ရက်နေ့က အင်ဒိုနီးရှား ဘေးအန္တရာယ် ခုခံကာကွယ်ရေး ရုံးက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
ဒေသစံတော်ချိန် အောက်တိုဘာလ ၁၀ရက်နေ့ နေလယ် ၁နာရီအထိ ငလျင်ဒီလှိုင်း ဘေးအန္တရာယ်ကြောင့် ဒဏ်ရာရရှိသူ ၁သောင်း ၇ရာအနက် ၂၅၄၉ဦး ဒဏ်ရာပြင်းထန်ပြီး အိမ်လုံး ၆သောင်း ၇ထောင် ၃ရာ နှင့် စာသင်ကျောင်း ၂၇၃၆ကျောင်း ပျက်စီးကာ လူ ၈သောင်း ၂ထောင် ၈ရာတို့သည် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း အင်ဒိုနီးရှား ဘေးအန္တရာယ် ခုခံကာကွယ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။