မြန်မာဘာသာ
You are here: Home > News > International > Article

ရှီကျင့်ဖိန်သည် ဗဟိုဘဏ္ဍာရေး ကော်မတီ တတိယအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပ

2018-10-11 10:12:41

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဗဟိုဘဏ္ဍာရေး ကော်မတီ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၀ ရက်နေ့ ညနေပိုင်းက ဗဟိုဘဏ္ဍာရေးကော်မတီ တတိယအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပပြီး၊ သဘာဝ ဘေးအန္တရာယ် ရင်ဆိုင်ဖြေရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေး စွမ်းအား တိုးမြှင့်ရန်နှင့် စီချွမ်း- ရှီးဇန့် မီးရထား ဆောက်လုပ်ရေး ကိစ္စရပ်များကို ဆွေးနွေး လေ့လာခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ သိပံ္ပနည်းကျပြီး အလုပ်တွင်ကျယ်သော သဘာဝ ဘေးအန္တရာယ် ရင်ဆိုင် ဖြေရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေး စနစ်များကို ထူထောင်ရမည် ဖြစ်ကြောင်း၊ စီချွမ်း- ရှီးဇန့် ရထားလမ်း စီမံ ဆောက်လုပ်ရေးသည် နိုင်ငံတော်၏ ရေရှည် လုံခြုံရေးနှင့် ရှီးဇန့်ပြည်နယ် စီးပွါးရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှုအတွက် နက်ရှိုင်း အရေးကြီးသည့် အဓိပ္ပါယ် ရှိပါကြောင်း ပြောကြားပါသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ