မြန်မာဘာသာ
You are here: Home > News > International > Article

ပင့်စ်ရဲ့စကား ရယ်ဖို့ကောင်းတယ်လို့ တရုတ် အင်တာနက် သုံးသူများ ဆိုကြတယ်

2018-10-11 10:04:42

မကြာခင်က အမေရိကန် ဒုသမ္မတ ပင့်စ်ဟာ မိန့်ခွန်း ပြောကြားပြီး အမေရိကန်ရဲ့ အင်အားတောင့်တင်းမှုကို ကြွား၍ တရုတ်ပြည်က လောဘရမ္မက် ရှိနေတယ်လို့လည်း ပြောဆိုခဲ့တယ်။ သူ စကား ပြောပြီးပြီးချင်း အင်တာနက် လူမှုကွန်ရက်မှာ အမေရိကန်လူမျိုးများက ပင့်စ်ရဲ့ စကားကို အသီးသီး ကဲ့ရဲ့ ပြစ်တင် ခဲ့ကြတယ်။ ဒီ့နောက်မှာ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ပင့်စ်ရဲ့ စကားကို သေသေချာချာ တရုတ်လို ဘာသာပြန်ပြီး ထုတ်ပြန်ပြီးတဲ့နောက်မှာလည်း တရုတ် အင်တာနက် သုံးသူများကလည်း အသီးသီး ကဲ့ရဲ့ ပြစ်တင် ခဲ့ကြပါတယ်။

လူမှုကွန်ရက်မှာ လူတစ်ချို့က၊ တာလတ်ပိုင်းကာလ ရွေးကောက်ပွဲ ကျင်းပတော့မယ့် အချိန်အခါမှာ ပင့်စ်က ခုလို ဆင်ခြင်ဉာဏ် ကင်းမဲ့စွာ လုပ်ဆောင် ပြောဆိုတာဟာ သူရဲ့ လုပ်ထုံး ပုံစံ မဟုတ်ဘူးလေလို့ ဆိုခဲ့သလို၊ တစ်ချို့ကတော့၊ ဒီအကြိမ် အမေရိကန် အစိုးရက လိပ်ပြာ မသန့် ဖြစ်နေတာကို ပြဆိုနေတယ်လို့ ဝေဖန် ထားတယ်။ နောက် တစ်ချို့ကလည်း၊ တရုတ်နိုင်ငံက သမ္မတ ထရန့်ကို လဲပစ်ချင်တယ်လို့ တောင် ပြောတာလား၊ ဒီအကြိမ် အမေရိကန် အစိုးရ စကား ပြောတာ အရမ်းကာရော လျှောက်ပြော နေတာပဲလို့ ကဲ့ရဲ့ ကြပါတယ်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ