မြန်မာဘာသာ
You are here: Home > News > International > Article

၆၀ ရာခိုင်နှုန်းဟာ အမေရိကန်က ပြိုင်ဘက်ကို ထားပေးတဲ့ မျဉ်းနီ တစ်ရပ် ဖြစ်တယ်

2018-08-10 19:00:59

မကြာခင်က အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ တန်ဖိုးရှိ အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ဖို့ တစ်ဖက်သားရဲ့ ကုန်ပစ္စည်း စာရင်းဇယားကို အပြန်အလှန် ထုတ်ပြန်ခဲ့တယ်။ သို့ဖြစ်၍ အမေရိကန်က လှုံ့ဆော် ပြုလုပ်ပြီး တရုတ်နိုင်ငံက မလုပ်မဖြစ် တုံ့ပြန်ဆောင်ရွက်ရတဲ့ တစ်ဖက်သားရဲ့ ဒေါ်လာ ဘီလီယံ ၅၀ တန်ဖိုးရှိ ကုန်ပစ္စည်းအပေါ် အခွန် တိုးကောက်တဲ့ ပထမ အကျော့ ကုန်သွယ်ရေးစစ်ပွဲ စတင်နေပြီ။

တရုတ်ပြည်ကို ရည်စူးတဲ့ အမေရိကန်ရဲ့ ဒီအကြိမ် အခွန် တိုးကောက်ခြင်း မူဝါဒဟာ အပေါ်ယံမှကြည့်ရတာ နှစ်ဖက်အကြား “မတရားမျှတတဲ့ ကုန်သွယ်မှု” ပြဿနာကို ဖြေရှင်းဖို့ ဖြစ်တယ်၊ ဒါပေမယ့် ကိန်းအောင်းထားတဲ့ အမေရိကန်ရဲ့ ရေရှည် မဟာဗျူဟာ ရည်ရွယ်ချက်လည်း ထင်ရှားသိသာတယ်၊ အဲဒါကတော့ အမေရိကန်ဟာ လျင်မြန်စွာ ရှင်သန် ဖွံ့ဖြိုးလာတဲ့ ပြိုင်ဘက်ကို ဖိနှိပ် ဟန့်တားရတာပဲ ဖြစ်တယ်၊ ရည်ရွယ်ချက်ဟာ အမေရိကန်ဒေါ်လာရဲ့ ဗိုလ်ကျစိုးမိုးမှုကို ဆက်လက် ထိန်းသိမ်းဖို့၊ ဒါနဲ့ အကြီးဆုံးသော စီးပွါးရေး အကျိုးအမြတ်ကို ရယူဖို့ပဲ ဖြစ်တယ်။

အမေရိကန်နိုင်ငံ တည်ထောင်ခဲ့တာ နှစ် ၂၀၀ ကျော်သာ ရှိတယ်၊ ဒါပေမယ့် ပြိုင်ဘက်ကို ဖိနှိပ် ဟန့်တာတာကတော့ တော်တော် ကျွမ်းကျင်တယ်လို့ ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်က အမေရိကန်ဟာ ပြိုင်ဘက်က အမေရိကန်ကို ကျော်လွန်မယ်လို့ စိုးရိမ်မကင်း ဖြစ်ခြင်း နှစ်ကြိမ် ဖြစ်ပွါးခဲ့ဖူးတယ်။ တစ်ကြိမ်ကတော့ ယခင် ဆိုဗီယက် ပြည်ထောင်စုရဲ့ ဂျီဒီပီဟာ အမေရိကန် ဂျီဒီပီရဲ့ ၆၀ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့ခြင်း ဖြစ်တယ်။ အမေရိကန်ဟာ ဆိုဗီယက်ပြည်ထောင်စုကို အားဖြည့် ဖိနှိပ် ဟန့်တားပြီး၊ တစ်ချိန်တည်းမှာ ဆိုဗီယက်ပြည်ထောင်စုကလည်း သော့ချက်ကျ နယ်ပယ်မှာ မှားယွင်းမှု ဖြစ်ခဲ့တာကြောင့် နောက်ဆုံးမှာ ပြိုကွဲသွားခဲ့ရတယ်။ ဒုတိယ အကြိမ် ကတော့ ဂျပန်ရဲ့ ဂျီဒီပီဟာလည်း တစ်ခါက အမေရိကန် ဂျီဒီပီရဲ့ ၆၀ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့ဖူးတယ်။ အမေရိကန်က အကျပ်ကိုင်နည်းလမ်းနဲ့ ဂျပန်ကို “ရင်ပြင်ကြီး စာချုပ်”ကို အတင်းအဓမ္မ ချုပ်ဆို ခိုင်းပြီး ဂျပန် ယမ်းငွေ တန်ဖိုး တက်သွားခဲ့တယ်။ ဒါ့အပြင် ဂျပန်အစိုးရရဲ့ အခြေအနေ အပေါ် အကဲဖြတ်မှု မှားယွင်းပြီး ချောင်လည်တဲ့ ငွေကြေးမူဝါဒနဲ့ ဘဏ္ဍာရေးမူဝါဒကို ကျင့်သုံးတာကြောင့် နောက်ဆုံးမှာ “ဆုံးရှုံးသွားတဲ့ နှစ် ၂၀” ဖြစ်စေခဲ့တယ်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ