မြန်မာဘာသာ
You are here: Home > News > International > Article

ကမ္ဘာ့စီးပွါးရေး တိုးတက်မှု အပေါ် အမေရိကန်ရဲ့ အနုတ်လက္ခဏာ ဆိုးကျိုးများကို သတိထားသင့်

2018-08-09 18:39:20

ဒီနှစ် မေလ ၈ ရက်နေ့မှာ အမေရိကန် အစိုးရက ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့တဲ့ အီရန် နျူကလီးယား ပြဿနာဆိုင်ရာ ဘက်စုံ သဘောတူစာချုပ်မှ နှုတ်ထွက်ကြောင်း ကြေညာခဲ့တယ်။ အဲဒီ လုပ်ရပ်ရဲ့ ပဏာမ ဘေးထွက်ဆိုးကျိုးတွေဟာ သြဂုတ်လ ၇ ရက်နေ့မှာ စတင် ပေါ်လာခဲ့တယ်။ အမေရိကန်ဟာ အီရန် အပေါ် စီးပွါးရေး ဘက်စုံ အရေးယူပိတ်ဆို့မှု အချို့ကို ပြန်လည် ကျင့်သုံးတယ်၊ ဆက်စပ်တဲ့နယ်ပယ်များဟာ မော်တော်ကား ထုတ်လုပ်ရေး၊ အာကာသ လုပ်ငန်း၊ ရွှေနဲ့ တခြား အဓိက သတ္တုများ ကူးသန်းရောင်းဝယ်မှုတွေ ပါဝင်ထားတယ်။ အမေရိကန်က၊ ဘယ်သူက အီရန်နဲ့ ကူးသန်းရောင်းဝယ်မှု ထိန်းသိမ်းပါက၊ အမေရိကန်နဲ့ ကူးသန်းရောင်းဝယ်မှု ပြတ်တောက်ရာ ကျမယ်လို့လည်း ခြိမ်းခြောက်ခဲ့တယ်။ သက်ဆိုင်ရာ သတင်းအရ၊ ပြင်သစ် မော်တော်ကား ကုမ္ပဏီကြီး နှစ်ခု ဖြစ်တဲ့ Groupe PSA နဲ့ Renault တို့ဟာ ပထမ ဦးစွာ အဖြစ် ထိခိုက်မှု ခံနေရတယ်၊ ပြီးခဲ့တဲ့နှစ်က Groupe PSA ဟာ မတတ်နိုင်ပဲ အီရန်မှာ မော်တော်ကား ရောင်းချမှုကို ယာယီ ရပ်စဲရတယ်။ Renault လည်း ရောင်းချဖို့ စီးရေကို လျှော့ချ ခဲ့ရတယ်။

အမေရိကန် လက်ရှိအစိုးရရဲ့ မူဝါဒတွေဟာ ကမ္ဘာ့ စီးပွါးရေး တိုးတက်မှုအပေါ် အနုတ်လက္ခဏာ ဆိုးကျိုးများ ဖြစ်စေနေပြီး၊ အီရန်အပေါ် စီးပွါးရေး အရေးယူ ပိတ်ဆို့မှုဟာ ဒါတွေထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်တယ်။

အဲဒီလို အနုတ်ခက္ခဏာ ဆိုးကျိုးများဟာ နိုဝင်ဘာ ၅ ရက်နေ့ နောက်ပိုင်းမှာ ပိုမို ထင်ရှားသွားနိုင်မှာ ဖြစ်တယ်။ အဲဒီအခါမှာ အမေရိကန်ဟာ အီရန်ရဲ့ စွမ်းအင်၊ ရေနံနဲ့ ငွေကြေးလုပ်ငန်းများအပေါ် အရေးယူ ပိတ်ဆို့မှု ကျင့်သုံးမယ်။ အီရန်ဟာ ကမ္ဘာ့ စတုတ္ထ အကြီးဆုံး ရေနံ ထုတ်လုပ်ရေးနိုင်ငံ ဖြစ်တာကြောင့် အီရန် ရေနံ တင်ပို့ရောင်းချမှုကို ပိတ်ပင် ပါက နိုင်ငံတကာ ရေနံဈေးနှုန်း မြင့်တက်စေနိုင်မှာ မုချဧကန်ပဲ။

ဒီနှစ် ဇူလိုင်လမှာ Bank of America Merrill Lynch အုပ်စုရဲ့ အစီရင်ခံစာထဲမှာ၊ တကယ်လို့ အမေရိကန်က အီရန် ရေနံ တင်ပို့မှုအပေါ် “သုည သည်းခံမှု” မူဝါဒ ကျင့်သုံး ပါက နိုင်ငံတကာ ရေနံဈေးနှုန်းဟာ တစ်စည်ဆို အမေရိကန်ဒေါ်လာ ၁၂၀ အထိ မြင့်တက် သွားမယ်လို့ ခန့်မှန်းထားတယ်။ ဒီအကြိမ် အမေရိကန် အစိုးရက ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အနိုင် ရရှိ ခဲ့ပြီးနောက်၊ နိုင်ငံတကာ ရေနံဈေးနှုန်းဟာ နှစ်နှစ်အတွင်း ၅၀ ရာခိုင်နှုန်း တက်သွားပြီ။ ရေနံ ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ဖြစ်စေတဲ့ ဆက်စပ် ဆိုးကျိုးများလည်း ပေါ်လာ နေတယ်။ ဓါတ်ဆီနဲ့ လောင်စာဆီ ဈေးနှုန်း တက်သွားခြင်းဟာ ငွေကြေးဖေါင်းပွမှုများ ဖြစ်စေနေတယ်၊ ပို့်ဆောင်မှုနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းနယ်ပယ်များဟာ ထိခိုက် ဂယက်ရိုက်ခတ်မှု ခံနေရတယ်၊ စီးပွါးရေး လှုပ်ရှားမှု လျော့နည်းလာတယ်၊ နိုင်ငံအသီးသီးမှ ပြည်သူများရဲ့ ဝင်ငွေ လျော့နည်းလာတယ်၊ လုပ်ငန်း ကုမ္ပဏီများရဲ့ အမြတ်အစွန်းနဲ့ ပြည်သူလူထုများရဲ့ စားသုံးမှု ပမာဏဟာလည်း ကျဉ်းကျုံ့သွားရမှာ ဖြစ်ပါတယ်။ ဗြိတိန် ငွေကြေး ဝန်ဆောင်မှု AJ Bell ကုမ္ပဏီရဲ့ အစီရင်ခံစာ တစ်စောင်ထဲမှာ၊ တစ်နှစ်တာ ရေနံဈေးနှုန်း တစ်ဆ မြင့်တက် သွားရင် ကမ္ဘာ့ စီးပွါးရေး တိုးတက်မှုမှာ ဖိအား ခံစားမှာ ဖြစ်ကြောင်း၊ ၁၉၇၄ ခုနှစ်၊ ၁၉၇၉ ခုနှစ်၊ ၁၉၉၀ ခုနှစ်နဲ့ ၁၉၉၉ ခုနှစ်များမှာ ရေနံ ဈေးနှုန်း တရှိန်ထိုး မြင့်တက်ခြင်းဟာ စီးပွါးရေး ဆုတ်ယုတ်မှုတွေ ဖြစ်စေခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်က ရေနံစိမ်း ဈေးနှုန်း တစ်ဆ နီးပါး တိုးလာခြင်းဟာ ငွေကြေးအကျပ်အတည်းကို တွန်းအားပေးခဲ့ကြောင်း ရေးသား ဖေါ်ပြထားပါတယ်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ