မြန်မာဘာသာ
You are here: Home > News > International > Article

လီခေ့ချန်က ၇၃ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဋ္ဌ အယ်စ်ပီနိုစာနှင့် တွေ့ဆုံ

2018-08-09 16:09:54

    တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် သြဂုတ်လ ၈ရက်နေ့ညနေပိုင်း က တရုတ်ပြည်၌ ခရီးလှည့်လည်နေသော ၇၃ကြိမ်မြောက် အထွေထွေ ကုလသမဂ္ဂ ညီလာခံ ဥက္ကဋ္ဌ အယ်စ်ပီနိုစာနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

    ကုလသမဂ္ဂ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့စသည့်တို့သည် ပိုမိုပြည့်စုံကောင်းမွန်လာအောင် ပြုပြင်ပြောင်းလဲရန်လိုအပ်ပါကြောင်း၊ သို့သော် ပြုပြင်ပြောင်းလဲကို ဒုတိယ ကမ္ဘာ စစ်ကြီးပြီးနောက် နိုင်ငံတကာစည်းစနစ်ထိန်းသိမ်းရေးအခြေခံပေါ်၌ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်နှင့် လွတ်လပ်သော ကုန်သွယ်မှု ထိန်းသိမ်းရေး အခြေခံပေါ်တွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း လီခေ့ချန်က ပြောပါသည်။

    ကုလသမဂ္ဂအနေနှင့် တရုတ်အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူ စည်းမျဉ်း စည်းကမ်းကို အခြေခံအဖြစ်ထားသော နိုင်ငံတကာ စည်းစနစ်ကို ထိန်းသိမ်းလိုပြီး နိုင်ငံတကာ ဥပဒေနှင့် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့မူဘောင်အတွင်း လွတ်လပ်သော ကုန်သွယ်ရေးကို တွန်းအားပေးလို ကြောင်း အယ်စ်ပီနိုစာက ပြောပါသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ