မြန်မာဘာသာ
You are here: Home > News > International > Article

ဝမ်ယိသည်၊ တရုတ်-အာရပ် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ၈ ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ကြသည့် နိုင်ငံခြားကိုယ်စားလှယ်များနှင့် တွေ့ဆုံ

2018-07-12 15:18:19

    တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်၊ ယခုလ ၁၁ ရက်နေ့က ပီကင်း၌ တရုတ်-အာရပ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ၈ ကြိမ်မြောက်ဝန်ကြီး အဆင့်အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် အယ်လ်ဂျီးရီးယား၊ ပါလက်စတိုင်း၊ ဆိုမာလီ၊ မော်ရီတေးနီးယား၊ တူနီးရှား၊ယီမင်နှင့် လစ်ဗျားနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီး များနှင့် အသီးသီးတွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

     အယ်လ်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီး Messahel နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ၌ ဝမ်ယိ က တရုတ်၊ အယ်လ်ဂျီးရီးယားတို့အနေနှင့်၊ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို တည်တံ့ခိုင်မြဲစေပြီး၊ Belt and Road အတူတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ကာ၊ ၂ နိုင်ငံလက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုများပြားသော အောင်မြင် မှုရရှိရန် တွန်းအားပေးသင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရ သည်။


 

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ