မိုးကြီးမှုကြောင့် လူ ၁၇၆ ဦး သေဆုံးပြီဟု ဂျပန် ဆို_china.com
မြန်မာဘာသာ
You are here: Home > News > International > Article

မိုးကြီးမှုကြောင့် လူ ၁၇၆ ဦး သေဆုံးပြီဟု ဂျပန် ဆို

2018-07-12 10:37:11

ယခုအချိန်အထိ ဂျပန်အနောက်ပိုင်းဒေသ မိုးကြီးမှုကြောင့် လူ ၁၇၆ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း ဂျပန် ကက်ဘိနက်အဖွဲ့ အတွင်းဝန်ချုပ် ဆူဂါ-ယိုရှီဟီဒယ်က ယခုလ ၁၁ ရက်နေ့က တိုကျိုမြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုနေ့တွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဘေးသင့်ရာဒေသသို့ ရောက်ရှိပြီး အိုကာယာမာဒေသ ကူရာရှီကီမြို့၌ ကြည့်ရှုစစ်ဆေးခဲ့ရာ ဂျပန်အစိုးရသည် ယခုအကြိမ် မိုးကြီးမှုကို အရေးကြီးဘေးအန္တရာယ်အဖြစ် အမြန်ဆုံး သတ်မှတ်မည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံသည် ဘေးသင့်ရာဒေသ နာလန်ပြန်ထူရေးအတွက် ငွေးကြေးဘက်မှ ထောက်ပံ့ပေးပြီး ဘေးသင့်သူများ အမြန်ဆုံးပြန်လည် နေထိုင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ