1st CIIE (2018)ပြပွဲသည် အိမ်ရှင်တရုတ်အပြင် ပါဝင်သည့် နိုင်ငံအားလုံးအတွက်ပါ အကျိုးများနိုင်ဟု ဒေါ်ခင်မာအေးမှ သုံးသပ်ထား_china.com
မြန်မာဘာသာ
You are here: Home > News > International > Article

1st CIIE (2018)ပြပွဲသည် အိမ်ရှင်တရုတ်အပြင် ပါဝင်သည့် နိုင်ငံအားလုံးအတွက်ပါ အကျိုးများနိုင်ဟု ဒေါ်ခင်မာအေးမှ သုံးသပ်ထား

2018-06-13 17:08:37

1st CIIE (2018)ပြပွဲသည် အိမ်ရှင်တရုတ်အပြင် ပါဝင်သည့် နိုင်ငံအားလုံးအတွက်ပါ အကျိုးများနိုင်ဟု ဒေါ်ခင်မာအေးမှ သုံးသပ်ထား

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကျင်းပမယ့် ပထမအကြိမ် ၂၀၁၈ တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ (2018 China International Import Expo)ဟာ အိမ်ရှင်တရုတ်နိုင်ငံ အပါအ၀င် ပါဝင်ပြသကြတဲ့ နိုင်ငံအားလုံးအတွက်ပါ များစွာအကျိုးရှိမယ့် သွင်းကုန်ပြပွဲဖြစ် ကြောင်း ပီကင်းတက္ကသိုလ်မှာ စီးပွားရေးပြည်သူ့မူဝါဒရေးရာဘာသာရပ်ဖြင့် လာရောက် ပညာသင်ကြားနေတဲ့ မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ြ ကားရေးမှူး ဒေါ်ခင်မာအေးက သုံးသပ်ပြောဆိုထားပါတယ်။ အဆိုပါပြပွဲကိုတော့ လာမယ့် နိုဝင်ဘာလ (၅)ရက်နေ့ကနေ (၁၀)ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ပြခန်းပေါင်း (၂၀၀၀) ကျော် ပါဝင်ပြသမှာဖြစ်ကြောင်း သိရပါတယ်။

ပြပွဲတွင် ကုန်သွယ်ရေးတိုးမြှင့်ဆောင်ရွက်ခြင်း (Trade Openning Up)၊ ကုန် သွယ်မှုနှင့် ဆန်းသစ်ပြောင်းလဲခြင်း(Trade and Innovation)၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှပ် နှံခြင်း(Trade and Investment )ဆိုပြီး Event (၃)မျိုးရှိပြီး ပြသမယ့်ကုန်ပစ္စည်းတွေအနေ နဲ့ အသိဥာဏ်နှင့် ခေတ်မီအဆင့်မြင့်ပစ္စည်းတွေ၊ အီလစ်ထရောနစ်ပစ္စည်းတွေ၊ အိမ်သုံး ပစ္စည်းတွေ၊ အ၀တ်အထည်တွေ၊ စားသောက်ကုန်တွေ၊ ဖုန်းနှင့်ဆက်စပ်ပစ္စည်းတွေ၊ အစား အစာနှင့်လယ်ယာထွက်ကုန်တွေ၊ ဆေးဝါးဆိုင်ရာပစ္စည်းတွေ၊ ဆေးနှင့်ကျန်းမာရေးစောင့် ရှောက်မှုတွေ၊  နောက် နည်းပညာအသစ်အဆန်းတွေ၊ ယဉ်ကျေးမှုတွေ၊ ပညာရေးနှင့်ခရီး သွားလုပ်ငန်းဝန်ဆောင်မှုစသဖြင့်ပါဝင်ပါတယ်။ ဒီပြပွဲမှာပါဝင်ပြသကြတဲ့နိုင်ငံတွေဟာ ဒီပြပွဲ ပလက်ဖောင်းကနေ သူတို့ရဲ့ကုန်ပစ္စည်းတွေကို တရုတ်နှင့် အခြားသောနိုင်ငံတွေကို ရောင်း ချနိုင်မှာဖြစ်ပါတယ်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ