မြန်မာသမ္မတ ဦးဝင်းမြင့်သည် ထိုင်းနိုင်ငံသို့ခရီးလှည့်လည်မည်_china.com
မြန်မာဘာသာ
You are here: Home > News > International > Article

မြန်မာသမ္မတ ဦးဝင်းမြင့်သည် ထိုင်းနိုင်ငံသို့ခရီးလှည့်လည်မည်

2018-06-13 15:17:53

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌါနမှ ယခုလ၁၂ရက်နေ့ကသတင်းအရ မြန်မာသမ္မတ ဦးဝင်းမြင့်သည် ယခုလ၁၄ရက်နေ့မှ ၁၆ရက်နေ့အထိ ထိုင်းနိုင်ငံသို့ ခရီးလှည့်လည်မည်ဖြစ်ကြောင်း၊ ယခုအကြိမ်ထိုင်းခရီးစဉ်အတွင်း သမ္မတဦးဝင်းမြင့်သည် ထိုင်းဝန်ကြီးချုပ် ဘရာယွတ်နှင့်တွေ့ဆုံဆွေးနွေးပြီး ဘန်ကောက်မြို့၌ ကျင်းပသော ဆဌမကြိမ်မြောက် ဧရာဝတီမြစ်-မဲနန်မြစ်-မဲကောင်မြစ်စီးပွားရေး မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး(ACMECS)သို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။

ယင်းမှာ သမ္မတဦးဝင်းမြင့်သည် ယခုနှစ်မတ်လက မြန်မာသမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် ပြည်ပသို့ခရီးလှည့်လည်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

ယခုနှစ်မှာ ထိုင်း-မြန်မာနှစ်နိုင်ငံသံတမန်ဆက်ဆံမှုထားရှိခဲ့သည့် နှစ်၇၀ပြည့် နှစ်ဖြစ်ပြီး သမ္မတဦးဝင်းမြင့်၏ ယခုအကြိမ် ထိုင်းခရီးစဉ်သည် ထိုင်း-မြန်မာနှစ်နိုင်ငံအတွက် မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရန် အရေးကြီး အခွင့်အလမ်းဟု ယူဆရ ကြောင်း သတင်းရရှိပါသည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ