မြောက်ကိုးရီးယားနှင့် အမေရိကန်တို့သည် စိတ်ရင်းစေတနာ ပြသသင့်ဟု တရုတ်ဆို_china.com
မြန်မာဘာသာ
You are here: Home > News > International > Article

မြောက်ကိုးရီးယားနှင့် အမေရိကန်တို့သည် စိတ်ရင်းစေတနာ ပြသသင့်ဟု တရုတ်ဆို

2018-05-17 12:37:36

ကိုးရီးယားကျွန်းဆွယ်အခြေအနေ ပြောင်းလဲမှုသစ်နှင့်ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခမ်းက မြောက်ကိုးရီးယားနှင့် အမေရိကန် နှစ်ဖက်တို့သည် စိတ်ရင်းစေတနာကို အပြန်အလှန် ပြသပြီး အခြေအနေပိုမို တင်းမာစေတတ်သော ဆောင်ရွက်မှုများကို ရှောင်ရှားသင့်ကြောင်း ယခုလ ၁၆ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

မြောက်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက အမေရိကန်နိုင်ငံသည် မြောက်ကိုးရီးယားအား နျူကလီးယား စွန့်ပစ်ရန် တစ်ဖက်သတ် အတင်းအဓမ္မ လုပ်ခိုင်းပါက မြောက်ကိုးရီးယားနိုင်ငံသည် မြောက်ကိုးရီးယား-အမေရိကန် ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည် မကျင်းပမည်ကို ပြန်လည် စဉ်းစားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ