မြန်မာဘာသာ
You are here: Home > News > International > Article

ကင်ဂျုံအန်နှင့် တရုတ်နိုင်ငံတကာဆက်ဆံရေးဝန်ကြီး၊ တရုတ်အနုပညာအဖွဲ့ ဥက္ကဋ္ဌ စွန့်ထောနှင့် တွေ့ဆုံ

2018-04-16 13:26:46

မြောက်ကိုးရီယားလုပ်သားပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်ရေးရာကော်မတီဥက္ကဋ္ဌ ကင်ဂျုံအန်သည် ယခုလ၁၄ရက်နေ့က လုပ်သားပါတီဗဟိုကော်မတီဌါနချုပ်ရုံး၌ အလည်အပတ်ရောက်ရှိနေသော တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး၊ တရုတ်အနုပညာအဖွဲ့ဥက္ကဋ္ဌ စွန့်ထောနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ ကြောင်းဆင်ဟွာသတင်းအရသိရပါသည်။

ဥက္ကဋ္ဌကင်ဂျုံအန်သည် ပထမဦးစွာ ဥက္ကဋ္ဌရှီကျင့်ဖိန်အား နှုတ်ခွန်းဆကသ ဆုမွန်ကောင်းတောင်းပေးကြောင်းကို တစ်ဆင့်ပြောပြခဲ့ကြောင်း၊ ဝန်ကြီးစွန့်ထော ဦးဆောင်သော တရုတ်အနုပညာအဖွဲ့သည် “ဧပြီလနွေဦးရာသီ”နိုင်ငံတကာချစ်ကြည်ရေး အနုပညာ ပွဲတော်ကို ပါဝင်ရန် လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ယခုအကြိမ်ခရီးစဉ်ကို အခွင့်ကောင်းအဖြစ်ထားပြီး တရုတ်-မြောက်ကိုးရီးယားနှစ်နိုင်ငံပြည် သူများ၏ ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေပြီး နှစ်နိုင်ငံချစ်ကြည်ရေးအခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးရန် မျှောလင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ