မြန်မာဘာသာ
You are here: Home > News > International > Article

မွန်တီနိုဂရိုးနိုင်ငံသမ္မတရွေးကောက်ပွဲကျင်းပ

2018-04-16 10:34:29

    မွန်တီနိုဂရိုးသမ္မတနိုင်ငံသည် ယခုလ ၁၅ ရက်နေ့က သမ္မတရွေးကောက်ပွဲကို ကျင်းပခဲ့ကြောင်း၊ ယင်းသည် မွန်တီနိုဂရိုးနိုင်ငံအနေနှင့် ၂၀၀၆ ခုနှစ် ဇွန်လတွင်လွတ်လပ်ရေးရရှိပြီးနောက် ကျင်းပသော တတိယအကြိမ် သမ္မတရွေးကောက်ပွဲ ဖြစ်ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

   ရွေးကောက်ပွဲတွင် ဒေသစံတော်ချိန် မနက် ၇ နာရီက စတင်မဲပေးခဲ့ခြင်းဖြစ်ကြောင်း၊ မွန်တီနိုဂရိုးဝန်ကြီးချုပ်ဟောင်း၊ ဆိုရှယ်လစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဂျိုကာရိုဝေကီ အပါအဝင်သမ္မတလောင်း ၇ ဦးပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရပါသည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ