မြန်မာဘာသာ
You are here: Home > News > International > Article

“ဆီးရီးယား ဓာတုလက်နက် တိုက်ခိုက်မှု”နှင့်ပတ်သက်ပြီး သီးသန့်စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အာရပ်နိုင်ငံများ ပန်ကြား

2018-04-16 10:33:24

နိုင်ငံတကာမိသားစုကြီးအနေနှင့် “ဆီးရီးယားဓာတုလက်နက် တိုက်ခိုက်မှု”ဟူသော အရေးအခင်းကို သီးသန့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အာရပ်နိုင်ငံများမှ ခေါင်းဆောင်များသည် ယခုလ ၁၅ ရက်နေ့က ပန်ကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

အာရပ်နိုင်ငံများ အဖွဲ့ချုပ် ထိပ်သီးအစည်းအဝေးကို ဆော်ဒီအရေးဗျနိုင်ငံ၌ ၁၅ ရက်နေ့တွင် ၁ ရက်ကြာ ကျင်းပပြီးနောက် ကြေညာစာတမ်းထုတ်ပြန်ခဲ့ရာ နိုင်ငံရေး နည်းလမ်းဖြင့် ဆီးရီးယားပြဿနာကို ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှုနှင့် ပိုင်နက်နယ်မြေ တည်တံ့ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ရန်အတွက် နိုင်ငံခြားတပ်ဖွဲ့များသည် ဆီးရီးယားနိုင်ငံမှ ထွက်ခွာရမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ