မြန်မာဘာသာ
You are here: Home > News > International > Article

တရုတ်ပြည်တံခါးဖွင့်ရေး တိုးချဲ့ဆောင်ရွက်ချက်များကို ရှီကျင့်ဖိန်ကြေညာ

2018-04-10 13:20:26

တရုတ်ပြည်တံခါးဖွင့်ရေး တိုးချဲ့ဆောင်ရွက်ချက်များကို ရှီကျင့်ဖိန်ကြေညာ

   ပိုအော် အာရှဖိုရမ် ၂၀၁၈ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ယခုလ ၁၀ ရက်နေ့က တရုတ်ပြည် ဟိုင်နန်ပြည်နယ် ပိုအော်၌ ကျင်းပခဲ့ရာ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မိန့်ခွန်း ပြောကြားပါသည်။

      ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၀ ရက်နေ့က ပိုအော် အာရှ ဖိုရမ်တွင် မိန့်ခွန်း ပြောကြားရာ၌၊ လွန်ခဲ့သည့် နှစ် ၄၀ အတွင်း တရုတ်နိုင်ငံသည် တံခါးပိတ်၊ တံခါး တစ်ဝက်ပိတ် အခြေအနေမှနေ၍ ဘက်စုံ တံခါးဖွင့်ခြင်းသို့ အောင်မြင်စွာ တက်လှမ်းခဲ့ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ပါဝင်ပြီး Belt and Road လက်တွဲ တည်ဆောက်ရေးတွင်လည်း ပါဝင် ဆောင်ရွက် လာခဲ့ကြောင်း၊ ကမ္ဘာ့စီးပွါးရေးအပေါ် အကျိုးပြု စွမ်းဆောင်နှုန်းမှာ နှစ်ပေါင်းများစွာ အတွင်း ၃၀ ရာခိုင်နှုန်းကျော် ဆက်တိုက် ရှိနိုင်ခဲ့ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးသည် တရုတ်ပြည်၏ ဒုတိယ အကြိမ် တော်လှန်ရေး ဖြစ်ပြီး ပြည်သူများ၏ ဖွံ့ဖြိုးရေး၊ ဆန်းသစ်ရေးနှင့် သာယာလှပသော နေထိုင်မှုဘဝဆိုင်ရာ လိုအပ်ချက်နှင့် ကိုက်ညီပါကြောင်း ပြောကြားပါသည်။

   ဥက္ကဋ္ဌရှီကျင့်ဖိန်က ပြီးခဲ့သည့် နှစ် ၄၀ အတွင်း၊ တရုတ်ပြည်သည် နိုင်ငံတော်အခြေအနေအပေါ် အခြေခံ ထားပြီး၊ ကမ္ဘာကြီးကို လှမ်း​မျှော်ကြည့်ရှုကာ၊ လွတ်လပ်ပြီး ကိုယ့်အားကိုကိုး၍ ၊တံခါးဖွင့်ပြီး၊ အကျိုးအမြတ်ကို အတူမျှဝေခံစားရမည်ဖြစ်ကြောင်း၊ တရုတ်ပြည်၏ အောင်မြင်မှု အတွေ့ အကြုံများသည်၊ ခေတ်မီရေးသို့ ပေါက်ရောက်လမ်းသည်၊ တစ်ခုတည်းရှိသာ မဟုတ် ကြောင်း ပြောကြားခဲ့သည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ