မြန်မာဘာသာ
You are here: Home > News > International > Article

တရုတ်နိုင်ငံသည် ကိုးရီးယားကျွန်းဆွယ် နျူကလီးယား ပြဿနာ ဖြေရှင်းရေး အတွက် အထူး အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ဆောင်ရွက်မည်

2018-03-14 08:56:41

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ တရုတ်နိုင်ငံသည် ကိုးရီးယားကျွန်းဆွယ် နျူကလီးယား ပြဿနာ ဖြေရှင်းရေး အတွက် အထူးအခန်းကဏ္ဍမှ ဆက်လက် ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း ယခုလ ၁၃ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

လူခမ်းက၊ အမေရိကန်နှင့် မြောက်ကိုးရီးယားတို့သည် တိုက်ရိုက် ဆွေးနွေးပွဲ ပြုလုပ်ရန် နိုင်ငံရေး ဆန္ဒကို ဖေါ်ပြခဲ့ကြကြောင်း၊ ယင်းအပေါ် အားပေးထောက်ခံရမည် ဖြစ်ကြောင်း၊ တောင်မြောက်ကိုးရီးယား ဆွေးနွေးပွဲနှင့် မြောက်ကိုးရီးယား- အမေရိကန် ဆွေးနွေးပွဲကို ချောမောစွာ ကျင်းပနိုင်ရန် မိမိတို့ မျှော်လင့်ပါကြောင်း ပြောကြားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ