မြန်မာဘာသာ
You are here: Home > News > International > Article

Belt and Road အကြောင်းနှင့် တောင်ပင်လယ်အကြောင်း ဝမ်ယိ ပြောဆို

2018-03-09 10:57:05

ယခုလ ၈ ရက်နေ့က ကျင်းပသော ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေး၏ သတင်းစာ ရှင်းလင်းပွဲတွင်၊ Belt and Road အကြောင်းနှင့် တောင်ပင်လယ်အကြောင်းနှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာ၌ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက၊ Belt and Road ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်ပြည် တစ်ပြည်တည်းသာ ဒိုင်ခံပြီး ဦးစီး ဆောင်ရွက်နေခြင်း မဟုတ်ဘဲ ဘက်အသီးသီးတို့ အနေနှင့်ပါ တန်းတူရည်တူ ပါဝင်ခြင်း ဖြစ်ကြောင်း၊ နောက်ကွယ်၌ ကြိုးကိုင် လုပ်ဆောင်ခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်း ဖြစ်ရေးကို စွဲကိုင်ခြင်း ဖြစ်ကြောင်း၊ တစ်ဦးတည်း အကျိုးစီးပွါး ခံစားခြင်း မဟုတ်ဘဲ အပြန်အလှန် အကျိုးရှိစေရေးကို ရှာကြံခြင်း ဖြစ်ကြောင်း ပြောကြားသည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

တရုတ် တောင်ပင်လယ်ရေးရာနှင့် ပတ်သက်ပြီး ဝမ်ယိက၊ ပြင်ပမှ အင်အားစု အချို့သည် တောင်ပင်လယ် တည်ငြိမ်မှု အခြေအနေအပေါ် မကျေနပ်သဖြင့် အမြဲဆိုသလို ကုန်းချော လုပ်ကိုင်နေကာ တောင်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်မှုကို အနှောင့်အယှက် ဖြစ်စေသော အကြီးဆုံး အကြောင်းရင်း ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ