မြန်မာဘာသာ
You are here: Home > News > International > Article

ဂျပန်သည် တျောက်ယူကျွန်း ပြဿနာ အပေါ် အကြောင်းဖန်တီးပြီး လုပ်ဆောင်ခြင်းကို ရပ်စဲရမည်ဟု တရုတ် ဆို

2018-01-12 09:48:32

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ တျောက်ယူကျွန်းသည် တရုတ်ပြည်၏ ပိုင်နက်နယ်မြေ ဖြစ်ပြီး တရုတ်နိုင်ငံက တျောက်ယူကျွန်းအပေါ် အချုပ်အခြာအာဏာပိုင်ခွင့် ရှိခြင်းသည် သမိုင်းနှင့် ဥပဒေ အထောက်အထား ပြည့်ပြည့်စုံစုံ ရှိကာ ဂျပန်၏ ၄င်းကျွန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ လုပ်ရပ်သည် ယင်း အဖြစ်မှန်ကို ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း၊ ဂျပန်သည် တျောက်ယူကျွန်း ပြဿနာ အပေါ် အကြောင်းဖန်တီးပြီး လုပ်ဆောင်ခြင်းကို ရပ်စဲရန် တရုတ်ပြည်က တိုက်တွန်း လှုံ့ဆော်ကြောင်း ယခုလ ၁၁ ရက်နေ့က ပြောကြား ခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ဂျပန် အစိုးရက၊ တရုတ် ရေတပ်သည် တျောက်ယူကျွန်း၏ ချီဝေကျွန်းငယ် ၁၂ ပင်လယ်မိုင် ဆက်နွှယ်ရာဇုန်သို့ ဝင်ရောက်သည်ဟု ယခုလ ၁၁ ရက်နေ့က ဆိုခဲ့ကြောင်း ဂျပန် မီဒီယာတွင် ဖေါ်ပြထားသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ