မြန်မာဘာသာ
You are here: Home > News > International > Article

လမ်ဆန်-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး ၆ ကြိမ်မြောက် အဆင့်မြင့် အရာရှိများအစည်း အဝေး ဖနွမ်းပင်၌ ကျင်းပ

2018-01-10 15:03:32

လမ်ဆန်-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး ၆ ကြိမ်မြောက် အဆင့်မြင့်အရာရှိများ အစည်းအဝေးကို ယခုလ ၉ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၌ ကျင်းပခဲ့ သည်။ ယင်းအစည်းအဝေးသည်၊ လမ်ဆန်-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး ဒုတိယ အကြိမ်မြောက်ထိပ်သီးများအစည်းအဝေးမှ ထုတ်ပြန်တော့မည့် အရေးကြီးရလဒ်များအပေါ် စစ်ဆေးအတည်ပြုပြီး၊ ထိပ်သီးများအစည်းအဝေးကျင်းပရေးအတွက် ပြင်ဆင်ခဲ့ခြင်းဖြစ် ကြောင်း စီအာအိုင်သတင်းအရသိရိသည်။

လမ်ဆန်-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး တရုတ်ပြည်ယာယီတာဝန်ခံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနအာရှရေးရာဦးစီးဌာန ဒု ညွှန်ချုပ် ဟွမ်ရှီလျန်နှင့် ကမ္ဘောဒီးယားတာဝန်ခံ၊ ကမ္ဘောဒီးယားအစိုးရအကြံပေးအရာရှိ Sok Siphana တို့သည်၊ ယခုအကြိမ်အဆင့်မြင့် အရာရှိများအစည်းအဝေးကို အတူဦးစီးကျင်းပကြသည်။ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ အဆင့်မြင့်အရာရှိများသည်၊ ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ ကြသည်ဟု သတင်းအရသိရသည်။


လမ်ဆန်-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး ဒုတိယ အကြိမ်မြောက် ထိပ်သီးများ အစည်းအဝေးကို ယခုလ ၁၀ ရက်နေ့ ညနေပိုင်းတွင် ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သည်ဟု သတင်းအရသိရသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ