တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်းက၊ လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေး စနစ်သည် ဒေသတွင်းနိုင်ငံများ ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်ရေး ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မည် ဖြစ်ပြီး စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး ပေးမည် ဖြစ်ကြောင်း မကြာမီက စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။
ဆက်လက်ပြီး သံအမတ်ကြီး ဦးသစ်လင်းအုန်းက၊ နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးသော ဆက်ဆံမှု အခြေခံပေါ်တွင် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေးနှင့် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုသည် ဆက်လက် ခိုင်မြဲ တိုးတက်သွားမည်ဟု မိမိ ယုံကြည်ပါကြောင်း ပြောကြားပါသည်။ (ဘာသာပြန် မေကြော့ရှင်း)