မြန်မာဘာသာ
You are here: Home > News > International > Article

၂၀၁၇ခုနှစ် ဓန နိုင်ငံတကာဖိုရမ်ဖွင့်လှစ်ခြင်းအပေါ် ရှီကျင့်ဖိန် ဝမ်းမြောက်ကြောင်း သဝဏ် လွှာပေးပို့

2017-12-07 15:11:43

ယခုလ ၆ ရက်နေ့နံနက်ပိုင်းက ၂၀၁၇ခုနှစ် ဓန နိုင်ငံတကာဖိုရမ်ကို တရုတ်ပြည် ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် ဖွင့်လှစ်ခဲ့သည်။ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည်၊ ဖိုရမ်သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ရာ၌၊ တရုတ်ပြည်ဖွင့်ထားသော တံခါးကို ပိတ်မည်မဟုတ်ဘဲ၊ ကျယ်သည်ထက်ကျယ်အောင်သာ ဖွင့်ပေးမည်ဖြစ် ကြောင်း၊ လုပ်ငန်းလုပ်ဆောင်သည့်ပတ်ဝန်းကျင်သည်လည်း၊ ပိုမိုပွင့်လင်းပြီး၊ ပိုမိုစနစ် တကျမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

ယင်းသည် ဓန နိုင်ငံတကာဖိုရမ်ကို ပဉ္စမအကြိမ် တရုတ်ပြည်တွင် ကျင်းပခြင်းဖြစ် သည်။ တရုတ်နိုင်ငံတော်ကောင်စီ ဒု ဝန်ကြီးချုပ် ဝမ်ယန်၊ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ထရပ်ဒို၊ ပါပူဝါနယူးဂီနီဝန်ကြီးချုပ် အိုနီလ်နှင့် ကမ္ဘာ့ ထိပ်တန်းလုပ်ငန်း ဂုမ္ပဏီ ၅၀၀ မှ လုပ်ငန်း ၁၅၂ ခု၏ လုပ်ငန်းရှင်များ၊ နာမည်ကျော်ပညာရှင်များအပါအဝင် လူ ၇၀၀ ကျော်သည်၊ ယင်းဖိုရမ်သို့ တက်ရောက်ခဲ့ကြသည်။


ယခုအကြိမ်ဖိုရမ်၏ အဓိကဆောင်ပုဒ်မှာ တံခါးဖွင့်မှုနှင့် ဆန်းသစ်တီထွင်မှု၊ စီးပွားရေး စနစ်သစ်တည်ဆောက်ခြင်းဖြစ်သည်။ ယင်းဖိုရမ်ကို ၃ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး တက်ရောက်သူများအနေနှင့်၊ နိုင်ငံတကာဖွံ့ဖြိုးရာ၌ ရင်ဆိုင်နေရသော သောချက်ကျ သည့် ပြဿနာများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်မည်ဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေးတိုးတက်မှု အတွက် အကြံကောင်းဥာဏ်ကောင်းများ တင်ပြပေးမည်ဖြစ်ကြောင်း သတင်းအရ သိရ သည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ