မြန်မာဘာသာ
You are here: Home > News > International > Article

အင်တာနက်ဆိုင်ရာအချုပ်အခြာအာဏာပိုင်ခွင့်လေးစားသင့်ဟုရှီကျင့်ဖိန်ဖော်ပြ

2017-12-03 16:54:52

    စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အင်တာနက်ကွန်ဖရင့်ကိုယခုလ ၃ ရက်နေ့နံနက်ပိုင်းက ကျက်ကျန်းပြည်နယ်ဝူးကျင့်မြို့တွင် ဖွင့်လှစ်ခဲ့သည်။ တရုတ်နိုင်ငံတော် ဥက္ကဌ ရှီကျင့်ဖိန်သည် ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ရာတွင် တရုတ်ပြည်အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား၊ မိမိ၏အမည်ဖြင့် ကွန်ဖရင့်ကျင်းပခြင်းအပေါ် လှိုက်လှဲုစွာ ဂုဏ်ပြုကြောင်း၊ ကွန်ဖရက်သို့တက်ရောက်သည့်နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ခံများ၊ ပညာရှင်များနှင့်လုပ်ငန်းရှင်များအပါအဝင် အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များအားကြိုဆိုပါကြောင်း၊ သက်ဆိုင်ရာပုဂ္ဂိုလ်များအနေနှင့်၊ အကြံကောင်းဉာဏ်ကောင်းများကို ခံယူစုစည်းပြီးသဘောတူညီမှုများတိုးမြှင့်ရရှိကာ အင်တာနက်နှင့်ဒီဂျီတယ်စီးပွါးရေးကူးလူးဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ပြုလုပ်ရေးဖြင့်အင်တာနက်ဖွံ့ဖြိုးရေးအောင်မြင်မှုများကိုကမ္ဘာ့ပြည်သူများအားပိုမိုကောင်းမွန်စွာအကျိုးပြုစွမ်းဆောင်စေရန်မျှော်လင့်ပါကြောင်းဖော်ပြသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ