မြန်မာဘာသာ
You are here: Home > News > International > Article

ရှီကျင့်ဖိန်သည် မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

2017-12-03 11:19:44

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁ ရက်နေ့က ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ တရုတ် ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာ ပါတီ ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက် လာသော မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က၊ မြန်မာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အာဏာ ကျင့်သုံးခဲ့သည့်နောက်ပိုင်း မိမိသည် အဆွေတော်နှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံ ဆွေးနွေးခဲ့ကာ တစ်ဖက်သား၏ အမြုတေကျ အကျိုးစီးပွါးနှင့် အရေးကြီး ကိစ္စရပ်များ အပေါ် အပြန်အလှန် နားလည် ထောက်ခံပြီး ညှိနှိုင်းဆောင်ရွက်ပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှုသည် အရှိန်ကောင်းမွန်စွာဖြင့် မှန်မှန် တိုးတက်လာကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်ပါတီနှင့် အစိုးရသည် ယခင်ကလိုပင် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရေး မူဝါဒကို ကျင့်သုံးမည် ဖြစ်ပြီး မဟာဗျူဟာနှင့် ရေရှည် ရှုထောင့်အရ နှစ်နိုင်ငံ ဆက်ဆံမှု အပေါ် သဘောထားမည် ဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံမှ အာဏာရ ပါတီတို့ အနေနှင့် ရင်းနှီးစွာ အမြင်ချင်း ကူးလူးဖလှယ်နိုင်ရန်၊ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု ထူထောင်ရေးအတွက် အကျိုးပြုနိုင်ရန် မျှော်လင့် ပါကြောင်း ပြောကြားပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း၊ မြန်မာ-တရုတ် ဆက်ဆံမှုသည် မြန်မာနိုင်ငံ အတွက် ထူးခြားသော အရေးကြီး အဓိပ္ပါယ် ပါရှိကြောင်း၊ မိမိတို့သည် သမိုင်း သက်တမ်း ကြာမြင့်သော အရပ်ဘက် ချစ်ကြည်ရေး ရှိသလို လွန်ခဲ့သည့်နှစ်များအတွင်း အပြန်အလှန် ယုံကြည်ပြီး အပြန်အလှန် လေးစားသော ပူးပေါင်းဆောင်ရွက်မှုလည်း ရှိပါကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် တရုတ်ကွန်မြူနစ်ပါတီ အာဏာကျင့်သုံးမှုဆိုင်ရာ အောင်မြင်မှုများ အပေါ် အားကျပြီး ပါတီနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ဆိုင်ရာ အတွေ့အကြုံများ ကူးလူးဖလှယ်မှုကို တိုးမြှင့်ရန် မျှော်လင့်ပါကြောင်း ပြောကြားပါသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ