မြန်မာဘာသာ
You are here: Home > News > International > Article

၁၂ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး ကျင်းပ

2017-11-14 23:08:23

၁၂ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ယခုလ ၁၄ ရက်နေ့ ညနေပိုင်းက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပခဲ့ရာ နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ သို့မဟုတ် ကိုယ်စားလှယ်များသည် စိန်ခေါ်မှုများကို ပူးပေါင်းဆောင်ရွက်ပြီး ရင်ဆိုင် ဖြေရှင်းရေးကိစ္စကို အာရုံစူးစိုက်မည် ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာများကို ဆွေးနွေးကြမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန်မှ ခေါင်းဆောင်များ သို့မဟုတ် ကိုယ်စားလှယ်များသည် အစည်းအဝေးသို့ တက်ရောက် ခဲ့ကြကြောင်း၊ အာဆီယံ အလှည့်ကျ သဘာပတိနိုင်ငံ ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတယ်သည် ယခုအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပ ခဲ့ကြောင်း သတင်း ရရှိပါသည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ