မြန်မာဘာသာ
You are here: Home > News > International > Article

1+6 စားပွဲဝိုင်း ဆွေးနွေးပွဲတွင် တရုတ် စီးပွားရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနှင့် အဆင့်မြှင့်တင်ရေးကို တွန်းအားပေးရန် ဆွေးနွေး

2017-09-13 14:20:33

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၁၂ ရက်နေ့က ပီကင်းမြို့ရှိ တျောက်ယူထိုင် နိုင်ငံတော်ဧည့်ဂေဟာ ဖန်ဟွာပန်းခြံဆောင်၌ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ကီမ်ဂျီမ်ယုံ၊ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ ဒါရိုက်တာချုပ် လာဂါ့ဒ်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဒါရိုက်တာချုပ် အာဇီဗယ်ဒို၊ နိုင်ငံတကာ အလုပ်သမားများအဖွဲ့ ဒါရိုက်တာချုပ် ရိုင်ဒါ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ အတွင်းရေးမှူးချုပ် ဂူရီယာ၊ ငွေကြေးတည်ငြိမ်ရေးကောင်စီဥက္ကဋ္ဌ ကာနီတို့နှင့်အတူ ဒုတိယအကြိမ် စားပွဲဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

1+6 စားပွဲဝိုင်း ဆွေးနွေးပွဲ ဒုတိယပိုင်းတွင် တရုတ် စီးပွားရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနှင့် အဆင့်မြှင့်တင်ရေး တွန်းအားပေးခြင်း ဆောင်ပုဒ်နှင့်ပတ်သက်ပြီး နက်ရှိုင်းစွာ အမြင်ချင်းကူးလူးဖလှယ်ခဲ့ကြောင်း သတင်းအရ သိရပါသည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ