မြန်မာဘာသာ
You are here: Home > News > International > Article

၁၄ကြိမ်မြောက်တရုတ်-အာဆီယံကုန်စည်ပြပွဲသည်၊ အဆင့်မြင့်ပြီး၊ ထူးခြားကောင်းမွန် သည့်ပြပွဲဖြစ်သည်ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောကြား

2017-09-12 11:20:21

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကောဖုန်းက၊ ၁၄ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ထိပ်သီးများအစည်းအဝေးကို ယခုလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ တရုတ် နန်နင်းမြို့ တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ယခုအကြိမ်ပြပွဲသည်၊ အဆင့်မြင့်ပြီး၊ အတိုင်းအတာကြီးမား ကာ၊ ဝန်ဆောင်မှုကောင်းမွန်သော ကုန်စည်ပြပွဲဖြစ်ကြောင်း ယခုလ ၁၁ ရက်နေ့က နန်နင်းမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု စီအာအိုင်ကဖော်ပြ သည်။


 တရုတ်နိုင်ငံတော်ကောင်စီဒု ဝန်ကြီးချုပ် ကျန်းကောလိ၊ ဘရူနိုင်းနိုင်ငံ စူဒန်ဘုရင် Haji Hassanal၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးးချုပ် ဟုန်ဆန်၊ ဗီယက်နမ်နိုင်ငံ အမြဲတမ်း     ဒုဝန်ကြီးချုပ် Truong Hoa Binh နှင့် လာအိုနိုင်ငံ ဒု ဝန်ကြီးချုပ် Sonexay တို့သည်၊ ယခု အကြိမ်ကုန်စည်ပြပွဲသို့ တက်ရောက်ကြကြောင်း ကောဖုန်းက ရှင်းလင်း ပြောကြားခဲ့သည် ဟု စီအာအိုင်သတင်းအရသိရသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ