မြန်မာဘာသာ
You are here: Home > News > International > Article

“ပင်လယ်ပြင် ပိုးလမ်းမကြီး တလျှောက်က နိုင်ငံများမှ အဓိက မီဒီယာများ၏ ထျန်းကျင်း ခရီး” စတင်

2017-08-10 17:48:27

“ပင်လယ်ပြင် ပိုးလမ်းမကြီး တလျှောက်က နိုင်ငံများမှ အဓိက မီဒီယာများ၏ ထျန်းကျင်း ခရီး” စတင်

    ”ပင်လယ်ပြင် ပိုးလမ်းမကြီး တလျှောက်က နိုင်ငံများမှ အဓိက

မီဒီယာများ၏ ထျန်ကျင်း ခရီး” ဖွင့်ပွဲ အခမ်းအနား ကျင်းပရာနေရာ

    ပီကင်း နိုင်ငံတကာ အသံလွှင့်ဌာန(စီအာအိုင်)၊ တရုတ် အများပြည်သူ့ သံတမန်ရေး အသင်းနှင့် တရုတ် ကွန်မြူနစ်ပါတီ ထျန်းကျင်းမြို့ ကော်မတီ ပြန်ကြားရေး ဌာနတို့ ပူးတွဲ ကျင်းပသော ”ပင်လယ်ပြင် ပိုးလမ်းမကြီး တလျှောက်က နိုင်ငံများမှ အဓိက မီဒီယာများ၏ ထျန်ကျင်း ခရီး” ဆိုင်ရာ မီဒီယာ မျိုးစုံဖြင့် နိုင်ငံတကာ ယဉ်ကျေးမှု မိတ်ဆက်ဖြန်ချိရေး လှုပ်ရှားမှုများ စတင် ကျင်းပရေး အခမ်းအနားကို သြဂုတ်လ ၉ရက်နေ့ နံနက်ပိုင်းက ထျန်းကျင်းမြို့ ဒီဂျစ်တယ် ထုတ်လွှင့်ရေး အဆောက်အအုံတွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

“ပင်လယ်ပြင် ပိုးလမ်းမကြီး တလျှောက်က နိုင်ငံများမှ အဓိက မီဒီယာများ၏ ထျန်းကျင်း ခရီး” စတင်

     တရုတ် ကွန်မြူနစ်ပါတီ ထျန်းကျင်းမြို့ ကော်မတီ အမြဲတမ်း အဖွဲ့ဝင်၊

ကော်မတီ ပြန်ကြားရေး ဌာန ဒုဝန်ကြီး ချင်ကျက်မင်

    ဖိလစ်ပိုင် သတင်းဌာန၊ အိန္ဒိယ အက္ကစပရက်စ် သတင်းစာ(Indian Express)၊ တောင်ကိုးရီးယား ဂျုံအန်အီဘို သတင်းစာ(JoongAng Ilbo) မြန်မာ နိုင်ငံ Sky Net ရုပ်မြင်သံကြားဌာန၊ လာအို ဗီယင်ကျမ်း တိုင်းမ်စ် သတင်းစာ၊ ဘင်္ဂလာဒေ့ရှ် ငွေကြေး အက္ကစပရက်စ် သတင်းစာ အပါအဝင် နိုင်ငံခြား အဓိက မီဒီယာ ၂၀ခန့်၊ ပီကင်း ရုပ်မြင်သံကြားဌာနနှင့် ကွမ်တုန်းရုပ်မြင်သံကြား ဌာန အပါအဝင် တရုတ် ပြည်တွင်း မီဒီယာ ၁၀ခုခန့်တို့သည် ယခုအကြိမ် ၃ရက်ကြာ ကျင်းပမည့် လှုပ်ရှားမှုတွင် ပါဝင်ပြီး တာအိုဘာသာ ယဉ်ကျေးမှု ဆိုင်ရာ ခရီးသွား နေရာ ၅ခု၊ ထျန်းကျင်း အားကစား ပြတိုက်နှင့် ထျန်းကျင်းမြို့ လွတ်လပ်သော ကုန်သွယ်ရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ ဗဟို ကုန်သွယ်ရေးဇုန်သို့ သွားရောက် လည်ပတ်ကြည့်ရှုပြီး Belt and Road တည်ဆောက်ရေး တွင်ပါဝင်ဆောင်ရွက်နေကြသော ထျန်းကျင်းကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် နှီးနှော ဖလှယ်ပွဲ ကျင်းပကာ ”တံခါးဖွင့်ထားသော ထျန်းကျင်း”နှင့် ”ဆန်းသစ်တီထွင်မှု ပြုလုပ်နေ သောထျန်းကျင်း”ကို ထိတွေ့ခံစားကြမည် ဖြစ်ကြောင်း သိရသည်။

1234...>

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ