မြန်မာဘာသာ
You are here: Home > News > International > Article

ပေါ်တူကီ သစ်တော မီးလောင်ကျွမ်းမှု လူ ၆၂ ဦး သေဆုံး

2017-06-19 08:43:52

ပေါ်တူကီနိုင်ငံ ပြည်ထဲရေး အတွင်းရေးမှူးချုပ် ဂေါ်မေစ်က၊ ပေါ်တူကီ အလယ်ပိုင်း ဒေသ သစ်တော မီးလောင်ကျွမ်းမှုတွင် သေဆုံးသူ ဦးရေမှာ ၆၂ ဦး  တိုးလာပြီ ဖြစ်ပြီး လူ ၅၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပေါ်တူကီ အစိုးရသည် နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာ ထားပြီ ဖြစ်ပြီး ၁၈ ရက်နေ့ကစပြီး ရက်သုံးရက်ကို တစ်ပြည်လုံး ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့များအဖြစ် သတ်မှတ်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

သစ်တောမီးလောင်ကျွမ်းမှုသည် ဒေသစံတော်ချိန် ၁၇ ရက်နေ့ ညနေ ၃ နာရီခန့် ဖြစ်ပွါး ခဲ့ခြင်း ဖြစ်ပြီး ရဲဘက်က မိုးကြိုးပစ်ခြင်းကြောင့် မီးလောင်မှု ဖြစ်စေခဲ့သည်ဟု ဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ