မြန်မာဘာသာ
You are here: Home > News > International > Article

၂၀၁၇ တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ ကုန်စည်ပြပွဲ နှင့် ရင်းနှီးမြုပ်နှံရေးနှင့် ကုန်သွယ်ရေးစေ့စပ်ဆွေးနွေးပွဲကျင်းပ

2017-06-13 12:54:55

၂၀၁၇ တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ ကုန်စည်ပြပွဲ နှင့် ရင်းနှီးမြုပ်နှံရေးနှင့် ကုန်သွယ်ရေးစေ့စပ်ဆွေးနွေးပွဲကျင်းပ

    ၂၀၁၇ ​တောင်​အာရှနှင့်​အ​ရှေ့​တောင်​အာရှနိုင်​ငံများ ကုန်​စည်​ပြပွဲနှင့်​ ရင်းနှီးမြုပ်နှံရေး နှင့်​ ကုန်​သွယ်​​ရေး​စေ့စပ်​​ဆွေး​နွေးပွဲ ဖွင့်ပွဲအခမ်းအနား​​ကို ယခုလ ၁၂ ရက်​​နေ့ နံနက်​ ၁၀ နာရီတွင်​ တရုတ်​ပြည်​သူ့သမ္မတနိုင်​ငံ ယူနန်​ပြည်​နယ်​ ကူမင်းမြို့တွင်​ ကျင်းပခဲ့​​ကြောင်း တရုတ်​နိုင်​ငံ ကုန်​သွယ်​​ရေး ၀န်​ကြီးလက်​​ထောက်​ Mr.Li Chengang၊ တရုတ်​-အာဆီယံ စင်တာအတွင်း​ရေးမှူးချုပ် Mrs.Yang Xiuping၊ တရုတ်ကွန်မြူနစ်ပါတီ ယူနန် ပြည်နယ်​​ ကော်မတီ အတွင်း​ရေးမှူး၊ ယူနန်​ပြည်​နယ် ​ပြည်​သူ့ကွန်​ဂရက်​အမြဲတမ်း​ကော်​မတီ ဥက္ကဌ Mr. Chen hao တို့ တက်​​ရောက်​မိန့်​ခွန်း​ပြောကြားခဲ့ပါတယ်​။

၂၀၁၇ တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ ကုန်စည်ပြပွဲ နှင့် ရင်းနှီးမြုပ်နှံရေးနှင့် ကုန်သွယ်ရေးစေ့စပ်ဆွေးနွေးပွဲကျင်းပ

   လာအိုနိုင်​ငံ ဒုသမ္မတ​ဟောင်း Mr. SomSavat Lengsavad၊ မြန်​မာနိုင်​ငံ စီးပွား​ရေးနဲ့ကူးသန်း​ရောင်းဝယ်​​ရေး ၀န်​ကြီးဌာန ပြည်ထောင်​စုဝန်​ကြီး ​ဒေါက်​တာသန်းမြင့်​၊ က​မ္ဘောဒီးယားနိုင်​ငံကုန်​သွယ်​​ရေး ၀န်​ကြီးဌာနမှ နိုင်​ငံ​ရေးကိစ္စ အတွင်း​ရေးမှူး၊ ချက်​သမ္မတနိုင်​ငံ နိုင်​ငံခြား​ရေးဝန်​ကြီးဌာနမှ ဒုဝန်​ကြီး Mr. Khamlien နှင့်​ သက်​ဆိုင်​ရာ အရာရှိများ တက်​​ရောက်​ခဲ့ကြ​ကြောင်း၊ ကူမင်းမြို့ဆိုင်​ရာ မြန်မာ​ ကောင်​စစ်​၀န်ချုပ်ဦးစိုးပိုင်​၊ ကူမင်းမြို့ဆိုင်​ရာ ဗီယက်​နမ်​​ ကောင်​စစ်​၀န်ချုပ် Mr.Nguyen၊ ကူမင်းမြို့ဆိုင်​ရာ ထိုင်းနိုင်​ငံ​ ကောင်​စစ်​၀န်ချုပ် Mr.Pornpop စသည်​တို့လည်း ယင်းအခမ်းအနားသို့ တက်​​ရောက်​ခဲ့ကြပြီး နိုင်​ငံ ၈၆ နိုင်​ငံမှကုန်​သည်​များနှင့်​ စီးပွား​ရေး လုပ်​ငန်းရှင်​များလည်း အခမ်း​အနားသို့ တက်​​ရောက်​ခဲ့ကြ​ကြောင်း သတင်းရရှိပါသည်​။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ