မြန်မာဘာသာ
You are here: Home > News > International > Article

တရုတ်နိုင်ငံ ရေတပ်၏ ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု ရန်ကုန်မြို့ သို့ရောက်ရှိ

2017-05-19 12:05:58

   တရုတ် နိုင်ငံ ရေတပ် ၏ ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု သည် မလေးရှား နိုင်ငံ သို့သွားရောက်လည်ပတ်သည့် ခရီးစဉ် အပြီး ယခုလ ၁၈ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ရန်ကုန်မြို့ရှိ သီလဝါ ဆိပ်ကမ်း သို့ ရောက်ရှိခဲ့ပြီး ၄ ရက်ကြာချစ်ကြည်လည်ပတ်ရေး ခရီးစဉ် ကို စတင် ခဲ့သည်။

သီလဝါ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရေတပ်(PLA Navy) ၊ အရှေ့ပင်လယ် ရေယာဉ်စု ၏ ဒုံးကျည်တင်သင်္ဘော Chang Chun နှင့် ဒုံးကျည်ကာကွယ်ရေးစစ်သင်္ဘော Jing Zhou တို့အား ကြိုဆိုသည့် အခမ်းအနား တစ်ရပ်ကို မနေ့ကနံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားသို့ မြန်မာ့တပ်မတော်(ရေ) ရေတပ် သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် မြင့်ဦး နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူးကြီး ချန်းချန် ၊ စစ်သံမှူး ရှုန်းဆောင်ဝေ (Xiong Shaowei) နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အပါအဝင် လူဦးရေ စုစုပေါင်း ၅၀၀ ဦးခန့် တက်ရောက် ခဲ့ကြသည်။

အခမ်းအနား အပြီးတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရေတပ် ၊ အရှေ့ ပင်လယ် ရေယာဉ်စု ၏ ဒုတိယ တပ်မှူး ဗိုလ်ချုပ် စိန်ဟောက် (Shen Hao) က မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ယခုအကြိမ် ချစ်ကြည်လည်ပတ်ရေး ခရီးစဉ် ၏ အဓိက ရည်ရွယ်ချက် မှာ ဆက်ဆံရေး ကို မြှင့်တင်ခြင်း ၊ အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်ခြင်း နှင့် ချစ်ကြည်ရေး တိုးပွားစေခြင်း တို့ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ရေတပ်အကြား အလွန်နီးကပ်သည့် ဆက်ဆံရေး တည်ရှိပြီး အလွန်ကောင်းမွန်သည့် ချစ်ကြည်ဆက်ဆံရေး တည်ရှိကြောင်း ၊ ယခုအကြိမ် မြန်မာ နိုင်ငံ သို့လာရောက်လည်ပတ်ခြင်းသည် တရုတ် နိုင်ငံ ရေတပ်၏ ၅ ကြိမ်မြောက် ခရီးစဉ်ဖြစ်ကြောင်း ၊ မိမိအနေဖြင့် ၂၀၁၃ ခုနှစ်တွင် ဆေးဝါး ကုသရေး သင်္ဘော ဖြင့် လာရောက်လည်ပတ်စဉ် ကလည်း မြန်မာရှိ လူပေါင်း ၆၄၀၀ ကျော်ကို အခမဲ့ ဆေးဝါး ကုသမှု ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ ယခုခရီးစဉ်တွင် နှစ်နိုင်ငံ အကြားရှိ စဉ်လာမပျက်ချစ်ကြည် ဆက်ဆံရေး ကို ပိုမို နက်ရှိုင်းစေရန် နှင့် နှစ်နိုင်ငံ ရေတပ်အကြား ချစ်ကြည်ရေး အတွက် ဆောင်ရွက်မှု အသစ်များကို ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံရေတပ်အနေဖြင့် မြန်မာနိုင်ငံရေတပ်နှင့် အတူတကွ ကမ္ဘာ့တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်း ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ