မြန်မာဘာသာ
You are here: Home > News > International > Article

ဥက္ကဌရှီကျင့်ဖိန်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟုန်စိန်နှင့်တွေ့ဆုံ

2017-05-18 12:16:54

တရုတ်နိုင်ငံတော်ဥက္ကဌရှီကျင့်ဖိန်သည် ယခုလ ၁၇ ရက်နေ့က ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟုန်စိန်နှင့် တျောက်ယွီထိုင်နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဥက္ကဌရှီကျင့်ဖိန်က ဝန်ကြီးချုပ် ဟုန်စိန် တရုတ်နိုင်ငံသို့ တရားဝင်ခရီး လှည့်လည်ခြင်း နှင့် Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ်သို့ တက်ရောက်ခြင်း ကို ကြိုဆိုပါကြောင်း၊ တရုတ်-ကမ္ဘောဒီးယားနှစ်နိုင်ငံဆက်ဆံရေးဖွံဖြိုးမှု အခြေအနေ ကောင်းမွန်နေကြောင်းပြောကြားခဲ့သည်။


ဝန်ကြီးချုပ်ဟုန်စိန်က ကမ္ဘောဒီးယားနိုင်ငံအတွက် တရုတ်နိုင်ငံ၏ရေရှည်ပေးထား သော ထောက်ပံ့ကူညီမှုကို ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ စဉ်လာမပျက် ချစ်ကြည်ရေးကို ခိုင်မြဲလိုကြောင်း ပြောကြားခဲ့သည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ