မြန်မာဘာသာ
You are here: Home > News > International > Article

တူရကီသမ္မတသည်၊ လျူယန်တုန်းနှင့် တွေ့ဆုံ

2017-04-19 11:02:10

ဒေသစံတော်ချိန် ၁၈ ရက်နေ့က တူရကီနိုင်ငံသမ္မတ အယ်လ်ဒိုအန်သည်၊ အန်ကာရာ မြို့တော်ရှိသမ္မတရုံး၌ တရုတ်နိုင်ငံတော်ကောင်စီ ဒု ဝန်ကြီးချုပ် လျူယန်တုန်းနှင့် တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း စီအာအိုင်သတင်းအရသိရသည်။

 အယ်လ်ဒိုအန်က၊ ယခုနှစ်များအတွင်း မိမိသည်၊ ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် ကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ပြီး၊နှစ်နိုင်ငံချစ်ခင်ရင်းနှီးသောပူးပေါင်းဆောင်ရွက်ရေးဆက်ဆံမှုဖွံ့ဖြိုးရေးအတွက်  တွန်းအားပေးခဲ့ကြောင်း၊ မေလ၌ တရုတ်ပြည်တွင် ကျင်းပမည့် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ်သို့ တက်ရောက်ရန်နှင့် ဥက္ကဋ္ဌရှီကျင့်ဖိန် နှင့် နောက်ထပ်တွေ့ဆုံရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

 လျူယန်တုန်းက၊ ဥက္ကဋ္ဌရှီကျင့်ဖိန်၏ နှုတ်ခွန်းဆက်သမှုကို သမ္မတ အယ်လ်ဒိုအန်အား တစ်ဆင့်ပြောပြပြီး၊ Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ်သို့ အယ်လ်ဒိုအန်တက်ရောက်ရန် ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ