မြန်မာဘာသာ
You are here: Home > News > International > Article

ယွိကျင့်ရှိန်သည် ဗီယက်နမ်ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဖန့်ဘင်မင်နှင့်တွေ့ဆုံ

2017-04-18 11:31:52

ယွိကျင့်ရှိန်သည် ဗီယက်နမ်ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဖန့်ဘင်မင်နှင့်တွေ့ဆုံ

     တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ယွိကျင့်ရှိန်သည် တရုတ်-ဗိယက်နမ် ပူးပေါင်းဆောင်ရွက်မှု ညွှန်ကြားရေးကော်မတီ ၁၀ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်လာသော ဗီယက်နမ်ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဖန့်ဘင်မင်နှင့် ယခုလ ၁၇ ရက်နေ့က ပီကင်း၌ တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

    ယွိကျင့်ရှိန်က တရုတ်-ဗီယက်နမ် ဆက်ဆံရေးကောင်းမွန်စွာတိုးတက်လာနေ ကြောင်း၊ ဥက္ကဌရှီကျင့်ဖိန်က အထွေထွေအတွင်းရေးမှူးယွမ်ဖူချွန်အား တရုတ်သို့ ခရီးလှည့်လည်ရန် ဖိတ်ခေါ်ပြီး နှစ်ဘက်တို့သည်ရင်းနှီးချစ်ခင်စွာတွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ယင်းသည်ခေတ်သစ်တွင် တရုတ်-ဗီယက်နမ် ဆက်ဆံရေးဖွံ့ဖြိုးမှုအတွက် ရှေ့အလားအလာများကိုဖော်ညွှန်းခဲ့ကြောင်းပြောကြားခဲ့သည်။

    ဖန့်ဘင်မင်က တရုတ်နှင့်ဆက်ဆံရေးသည် ဗီယက်နမ်နိုင်ငံခြားရေး၏ ဦးစားပေးဦးတည်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ