မြန်မာဘာသာ
You are here: Home > News > International > Article

တရုတ်ကုန်သွယ်ရေးဝန်ကြီး ဖိလစ်ပိုင်သို့ ခရီးလှည့်လည်

2017-03-07 10:18:59

    တရုတ်ကုန်သွယ်ရေးဌာနမှ ၆ ရက်နေ့ ထုတ်ပြန်သောသတင်းအရ တရုတ် ကုန်သွယ်ရေးဝန်ကြီး ကျွန်းရှမ်က ယခုလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ အစိုးရကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်ပြီး ဖိလစ်ပိုင်သို့ခရီးလှည့်လည်ကာ တရုတ်-ဖိလစ်ပိုင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ အခြေခံအဆောက်အအုံနှင့် ပြည်သူလူထုနေထိုင်မှုဘဝ စသည့် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုကိုတွန်းအားပေး မည်ဖြစ်ကြောင်း တရုတ်သတင်း ဌာနမှ သတင်းအရ သိရပါသည်။

    ဇန်နဝါရီ ၂၄ ရက်နေ့က ကျင်းပသော ၁၂ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ၂၆ အကြိမ် အစည်းအဝေးတွင် ကျွန်းရှမ်က ကုန်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ထားခဲ့ပြီး ယခုဖိလစ်ပိုင်ခရီးစဉ်သည် ကျွန်းရှမ်၏ကုန်သွယ်ရေးဝန်ကြီးအနေနှင့် ပထမအကြိမ် နိုင်ငံခြားခရီးစဉ်ဖြစ်ကြောင်း သိရပါသည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ