တရုတ်နို်င်ငံတော်ကောင်စီ တရုတ်အိုဗာစီရေးရာရုံးခန်းဥက္ကဌ ချိုယွမ်ဖျင်က ယမန်နေ့ ၈ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒိုဗာအိုမြို့သို့ ခရီးလှည့်လည်ခဲ့ကြောင်း၊ ချိုယွမ်ဖျင်ကနိုင်ငံရပ်ခြားရောက်တရုတ်အနွယ်ဖွားများသည် တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုတိုးနိုင်အောင် အရပ်ဘက်သံတမန်များအဖြစ် ဆက်လက်ကောင်းမွန်စွာဆောင်ရွက်ရန် အားပေးခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရသိရပါသည်။
ချိုယွမ်ဖျင်က ဖိလစ်ပိုင်ရောက် တရုတ်အနွယ်ဖွားများသည် တရုတ်-ဖိလစ်ပိုင် ချစ်ကြည်ရေးဆက်ဆံမှုနက်ရှိုင်းစေရေး၊ တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံနယ်ပယ်အသီးသီး၌ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် ကြိုးစားကြရန် မျှေင်လင့်ကြောင်းသိရပါသည်။