မြန်မာဘာသာ
You are here: Home > News > International > Article

ဒေသတွင်း လုံခြုံရေးတည်ငြိမ်မှုနှင့် ပင်လယ်ပြင် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို အာဆီယံ တွန်းအားပေးမည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ဆို

2017-01-12 12:11:56

    ဇန်နဝါရီလ ၁၁ရက်နေ့က မနီလာမြို့တော်တွင် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ယာစေ က ယခုနှစ်တွင် အာဆီယံအလှည့်ကျ သဘာပတိ နိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ သက်ဆိုင်ရာ အခြေအနေများကို မိတ်ဆက်ခဲ့ကြောင်း၊ အာဆီယံနိုင်ငံရေးလုံခြုံမှု အသိုက်အဝန်းကို ထူထောင်ရာတွင် ဖိလစ်ပိုင်သည် ဒေသတွင်း လုံခြုံရေး တည်ငြိမ်မှု နှင့် ပင်လယ်ပြင် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုတို့ကို အဓိက တွန်းအားပေးမည်ဖြစ်ကြောင်း၊ ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

    ဖိလစ်ပိုင်အစိုးရသည် ယခုလ ၁၅ရက်နေ့တွင် ဒါဗော်၌ အာဆီယံ အလှည့်ကျ သဘာပတိနိုင်ငံ တာဝန်စတင်ထမ်းဆောင်ရန် အခမ်းအနားကို ကျင်းပမည်ဟု ယာစေက ပြောကြားခဲ့ပါသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ