မြန်မာဘာသာ
You are here: Home > News > International > Article

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဖိလစ်ပိုင်နိုင်ငံသို့ ခရီးလှည်လည်မည်

2017-01-12 10:56:12

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သည် ယခုလ ၁၂ ရက်နေ့မှစပြီး ဖိလစ်ပိုင်နိုင်ငံသို့ ၂ ရက်ကြာ တရားဝင် ခရီးလှည့်လည်မည်ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၁၁ ရက်နေ့က ကြေညာခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရသိရပါသည်။

ရှင်ဇိုအာဘေးသည် ဖိလစ်ပိုင်သို့ ခရီးလှည့်လည်စဉ် သမ္မတ ဒူတာတယ်သည် ရှင်ဇို အာဘေး နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မူယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း၊ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ ပင်လယ်ပြင်ပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးကြမည်ဟု သိရပါသည်။

ရှင်ဇို အာဘေးသည် ယခုနှစ် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ခရီးလှည့်လည်သော ပထမဆုံး နိုင်ငံခြားအစိုးရအကြီးအကဲဖြစကြောင်း၊၄င်းသည် သမ္မတဒူတာတယ်၏ ဇာတိသို့လည်း လှည်လည်မည်ဖြစ်ကြောင်းသိရပါသည်။

ဖိလစ်ပိုင်သည် ရှင်ဇို အာဘေး ခရီးလှည့်လည်ရန် သတင်းကို တရားဝင်ကြေညာခဲ့ပြီးနောက် ဖိလစ်ပိုင်အမျိုးသမီးများအဖွဲ့အစည်းဖြစ်သည့် GABRIELA နှင့် ဖိလစ်ပိုင်နိုင်ငံသား တပ်တွင်းလိင်ကျွန်အဖွဲ့တို့သည် ၁၂ ရက်နေ့တွင် မနီလာမြို့ ၌ ဆန္ဒပြပြီး ဖိလစ်ပိုင်နိုင်ငံသား တပ်တွင်းလိင်ကျွန်များအား ဂျပန်အစိုးရက တောင်းပန်ရန်နှင့် လျော်ကြေးပေးရန်တောင်းဆိုကြမည်ဟု သိရပါသည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ