မြန်မာဘာသာ
You are here: Home > News > International > Article

ဇမ်ဘီယာနိုင်ငံခြားရေးဝန်ကြီးနှင့် ဝမ်ယိ တွေ့ဆုံ

2017-01-09 14:44:51

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဇန်နဝါရီလ ၈ရက်နေ့တွင် လူဆာကာမြို့တော် ၌ ဇမ်ဘီယာ နိုင်ငံခြားရေးဝန်ကြီး ကာလာဘာနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ စီအာအိုင် သတင်းအရ သိရပါသည်။

    နှစ်နိုင်ငံခေါင်းဆောင်များ ရရှိခဲ့သော အရေးကြီး သဘောတူညီချက် များနှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဂျိုဟန်နက်စဘတ် ထိပ်သီး အစည်းအဝေး၏ရလဒ်များကို အဓိက ဖော်ဆောင်ပြီး နှစ်နိုင်ငံ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု၊ စီးပွားရေး အပြန်အလှန် ဖြည့်စွက်မှု၊ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို အပြည့်အဝ အသုံးပြု၍ ဇမ်ဘီယာတွင် စက်မှုလုပ်ငန်းထွန်းကားမှု၊ စိုက်ပျိုးရေး လုပ်ငန်း ခေတ်မီရေး နှင့် နိုင်ငံတော်စီမံအုပ်ချုပ်နိုင်စွမ်း ခေတ်မီရေးဟူသော ရည်ရွယ်ချက် ၃ရပ်ကို ဖော်ဆောင်ရန် တရုတ်နိုင်ငံအနေနှင့် အကူအညီပေးလိုကြောင်း၊ ဝမ်ယိက ပြောပါသည်။

    ထို့ပြင် နှစ်နိုင်ငံ ဝန်ကြီးတို့သည် အတူအာရုံစိုက်ကြသော နိုင်ငံတကာနှင့် ဒေသတွင်း ပြဿနာများနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊ သိရပါသည်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ