မြန်မာဘာသာ
You are here: Home > News > International > Article

ထိုင်းနှစ်သစ်ကာလအတွင်း ယာဉ်တိုက်မှု လူ ၄၇၈ ဦးသေဆုံး

2017-01-06 10:27:06

    ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဆူတီသည် ယမန်နှစ် ဒီဇင်ဘာလ ၂၉ ရက်မှ ယခုနှစ် ဇန်နဝါရီလ ၄ ရက်အထိ နှစ်သစ်မှာ အန္တရာယ်ရှိ ၇ ရက် အတွင်း ထိုင်နိုင်ငံ၌ဖြစ်ပွါးသော ယာဉ်တိုက်မှု စုစုပေါင်း ၃၉၁၉ မှုရှိ၍ လူ ၄၇၈ ဦးသေဆုံးပြီး ၄၁၂၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ၅ ရက်နေ့က ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရ ပါသည်။

    ယခုနှစ် ထိုင်းနိုင်ငံ အန္တရာယ်ရှိ ၇ ရက်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ အများဆုံးမှာ ချွင်ဘူရီပြည်နယ်၌ ၃၃ ဦးဖြစ်ပြီး အဆိုးရွားဆုံးသည် ဇန်နဝါရီလ ၂ ရက်နေ့က ကား ၂ စီးတိုက်မိပြီး မီးလောင်မှုဖြစ်ပွါးကာ လူ ၂၅ ဦး သေဆုံးခြင်းဖြစ်ကြောင်း သိရပါသည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ