မြန်မာဘာသာ
You are here: Home > News > International > Article

ထိုင်း ယာဉ်တိုက်မီးလောင်မှု လူ ၂၀ ကျော်သေဆုံး

2017-01-03 14:52:09

    ထိုင်းနိုင်ငံ ချွင်ဘူပြည်နယ်တွင် ဇန်နဝါရီလ ၂ ရက်နေ့ က ကား ၂ စီးတိုက်မိပြီး မီးလောင်မှုဖြစ်ပွါးခြင်းကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့ကြောင်း တရုတ်သတင်းဌာနက သတင်းအရ ရရှိပါသည်။

    ယမန်နေ့ ညနေ ၂ နာရီ ဝန်းကျင်ခန့်တွင် ချွင်ဘူရီပြည်နယ် အမှတ် ၃၄၄ ကားလမ်း ၌ မီနီဘတ်စ်နှင့် ဗီခါထရပ် ယာဉ်တိုက်မီးလောင်မှုဖြစ်ပွါးပြီး ဗီခါထရပ် ကား တွင်းရှိ ကလေး ၂ ဦးအပါအ၀င် လူ ၁၁ ဦးနှင့် မီနီဘတ်စ်ကားတွင်းရှိ ယာဉ်မောင်းအပါအ၀င် လူ ၁၃ ဦးသေဆုံးခဲ့ကြောင်း ထိုင်းမိဒီယာမ သတင်းအရှ သိရပါသည်။

    ယခုအချိန်အထိ တိကျသော သေဆုံးသူဦးရေ နှင့် သေဆုံးသူအချက်အလက် အသေးစိတ်ကို အစိုးရဘက်မှ အတည်ပြုခြင်း မရှိသေးကြောင်း၊ ယာဉ်တိုက်မှု ဖြစ်ပွါးစေသော အကြောင်းရင်းကို လည်းစုံစမ်းနေဆဲဖြစ်ကြောင်း သိရပါသည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ