မြန်မာဘာသာ
You are here: Home > Lifestyle > Article

နွေရာသီတွင် စားသင့်သော ရာသီလိုက် သီးနှံများ

2016-03-26 14:49:09


နွေရာသီတွင်  စားသင့်သော ရာသီလိုက် သီးနှံများ


နွေရာသီတွင် လူများအနေဖြင့် ချွေးထွက်လွယ်ကာ လွယ်လင့်တကူ ရေဓာတ်ကုန်ဆုံးတတ်ပါသည်။ သစ်သီးစားသုံးခြင်းက ရေဓာတ်ကို ပြန်လည် ဖြည့်ဆည်းပေးနိုင်ပြီး သစ်သီးထဲတွင်ပါဝင်သည့် ဗီတာမင် B C ဓာတ်များက လူခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်ဓာတ်များပင် ဖြစ်သည်။ သို့သော် သစ်သီးတိုင်း နွေရာသီနှင့်သင့်လျှော်သည် မဟုတ်ပေ။  နွေရာသီမည်သည့်သစ်သီးများစားသုံးသင့်သည်ကို ဖော်ပြပေးရမည်ဆိုလျှင် ....

နွေရာသီတွင်  စားသင့်သော ရာသီလိုက် သီးနှံများ


စတော်ဘယ်ရီ

စတော်ဘယ်ရီတွင် ဗီတာမင် C, B,ကယ်စီယံ ,Phosphorum,Kaliumတို့ပါဝင်သည်။ တရုတ်ရိုးရာဆေးကုထုံးအရ စတော်ဘယ်ရီသည် အပူကန်ခြင်း၊ အပူရှပ်ခြင်းတို့ကို ကာကွယ်နိုင်သောကြောင့် နွေရာသီသင့်တော်သော သစ်သီးတစ်မျိုး ဖြစ်သည်။

တယ်သီး

တယ်သီးသည် ချောင်းဆိုးခြင်း၊သလိပ်ထွက်ခြင်းတို့အတွက် ကောင်းမွန်ပြီး အဆုတ်ရောဂါနှင့် နူတ်ခမ်းကွဲခြင်းတို့ အတွက် အာနိသင်ကောင်းပါသည်။

ငှက်ပျောသီး

ငှက်ပျောသီးတွင် ကယ်လ်စီယံဓာတ် ပါဝင်ပြီး ၄င်းသည်လူသားများစားသုံးသည့် သမိုင်းအကြာရှည်ဆုံး သစ်သီးတစ်မျိုးပင်ဖြစ်သည်။ နွေရာသီတွင် ချွေးထွက်များသူများသည်  ကယ်လ်စီယံဓာတ် ဖြည့်ဆည်းသင့်သည်။ ငှက်ပျောသီးသည် သွေးတိုးခြင်း၊ သွေးကြောရောဂါတို့ကို ကာကွယ်နိုင်ပြီး စိတ်ဓာတ်ကျဆင်းခြင်းကို လည်း ကာကွယ်ခြင်း၊ အိပ်ရေးကောင်းခြင်းစသည့် အာနိသင်များရှိပါသည်။

ဖရဲသီး

ဖရဲသီးစားခြင်းဖြင့် ကုန်ဆုံးသွားသည့် ရေဓာတ်များပြန်လည် ဖြည့်ဆည်းပေးနိုင် ပြီး အပူကန်ခြင်းနှင့် ဆီးရောဂါများအတွက်လည်းကောင်းမွန်ပါသည်။ သို့သော် အစာအိမ် ရောဂါသည်များ အတွက်တော့ မသင့်တော်ပါ။ သာမန်လူများလည်း အလွန်အကျွံ မစားမိစေရန် သတိပြုရပါမည်။

နဂါးမောက်သီး

နဂါးမောက်သီးစားခြင်းဖြင့် အပူကင်းစင်ပြီးမျက်စိကြည်လင်စေပါတယ်။ ထို့ပြင် အရိုးအဆစ်ခိုင်မာစေခြင်း၊အာရုံကြောရောဂါနှင့်သွေးအားနည်းခြင်းစသည့် ရောဂါများ ကိုလည်းကာကွယ်နိုင်ပါသည်။အမျိုးသမီးများအတွက်အရေပြားအမည်း စက်ပြောက်များ ပေါ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။

မာလကာသီး

မာလကာသီး စားခြင်းဖြင့် ချောင်းဆိုးအဆုတ်ရောဂါနှင့် အော့အန်ဝမ်းလျှော ရောဂါများအတွက် ကောင်းမွန်ကလေးသူငယ်များအတွက်လည်းသင့်တော်ပါသည်။

ကျွဲကောသီး

   ကျွဲကောသီးသည် အသက်ရှုရင်ကြပ်၊ချောင်းဆိုးသလိပ်ထွက်ခြင်းတို့အတွက် ကောင်းမွန်ပြီးသဘာဝသွေးအားတိုးဆေး ဖြစ်ပါသည်။ သို့သော် ဦးနှောက်၊နှလုံးသွေး ကြောရောဂါသည်များ အတွက် Kaliumဓာတ်မြင့်မားပါကစားသုံးရန် လုံးဝမသင့် တော်ပေ။ 

ခရမ်းချဉ်သီး

အာခေါင်ခြောက်ခြင်း၊အစားအသောက် ခံတွင်းမတွေ့ခြင်း၊ သွားဖုံးသွေးထွက်ခြင်း၊ သွေးတိုးခြင်း၊ အသည်းရောဂါ နှင့် ကျောက်ကပ်ရောဂါများ ကြုံတွေ့ရသူများအတွက် ခရမ်းချဉ်သီးအား စားသုံးပေးရန် တိုက်တွန်းချင်ပါသည်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ