မြန်မာဘာသာ
You are here: Home > Lifestyle > Article

ဟင်းခတ်အမွှေးအကြိုင် ၊ ငရုတ်သီး ၊ဂျင်းအစရှိသည့်အပူစာများကခန္ဓာကိုယ်တွင်းပွားများလှုပ်ရှားနေသည့်ကင်ဆာဆဲလ်များကိုများများအိပ်စက်စေနိုင်

2016-03-19 14:25:37
နိုင်ငံတကာနှီးနှောဖလှယ်ပွဲတစ်ခုတွင်အမေရိကန်ကင်ဆာစင်တာမှ ပရော်ဖက်ဆာ Dai က “ကင်ဆာကိုအရှင်းပျောက်ကင်းအောင်ကုသလား ?”ဟူသည့်ခေါင်းစဉ်ဖြင့်ဆွေးနွေးမှုများပြုလုပ်ပြီးသူပြုလုပ်ထားသည့် ကင်ဆာဆဲလ်များ ကြီးထွားမှု လှုံဆော်အားကိုသုတေသနပြုမှု၏ရလဒ်ကို မျှဝေခဲ့သည်။ထိုပွဲတွင် ပရော်ဖက်ဆာ Dai က “ကင်ဆာရောဂါမှာကြောက်ဖို့အကောင်းဆုံးကကင်ဆာဆဲလ်များပျံ့နှံ့ခြင်းဖြစ်ပါတယ်။မူလအစဖြစ်ပေါ်နေတဲ့ကင်ဆာဆဲလ်များဟာလူနာကိုအသက်မဆုံးရှုံးစေပါဘူး။ ကင်ဆာဆဲလ်များလှုပ်ရှားပျံ့နှံ့မှသာကြောက်ဖို့ကောင်းတာပါ။ဒါပေမဲ့ဘာကြောင့်အချို့ကင်ဆာဆဲလ်ပျံ့နှံ့နေသည့်လူနာတွေရောဂါလက္ခဏာတွေထပ်မံဆိုးဝါးစွာမဖြစ်ပေါ်လာတာလဲ ?ဂျပန်ခန္ဓာဗေဒလေ့လာမှုစင်တာကအသက် ၉၀ မှ ၁၀၃ နှစ်ကြားရှိမည်သည့်ရောဂါမှမရှိပဲကျန်းမာစွာနေထိုင်သည့်အဖိုးအဖွားများကိုလေ့လာခဲ့မှုအရထိုသူတို့၏ကိုယ်တွင်းမှာကင်ဆာဆဲလ်ပေါင်းမြောက်များစွာရှိကြောင်းတွေ့ရှိရပါတယ်။ သို့သော်ဘာကြောင့်ကင်ဆာဆဲလ်များရောဂါအဖြစ်မပြောင်းလဲတာလည်း ? ထို့သို့သောမေးခွန်းများစွာတို့ရဲ့အဖြေကတော့ ကင်ဆာဆဲလ်တွေဟာအချိန်ကာလတစ်ခုလှုပ်ရှားပျံ့နှံ့ပြီးတာနဲ့အိပ်စက်အနားယူသည့်အချိန်ကိုရောက်ပါတယ်။ကင်ဆာဆဲလ်တွေအိပ်စက်အနားယူချိန်များလေလူနာအသက်ရှင်ချိန်ပိုများလေဖြစ်ပါတယ်။ထို့အကြောင်းကိုသုတေသနပြုချက်များအရအောက်ပါအစားအစာများဟာကင်ဆာဆဲလ်များကိုပိုမိုအချိန်ကြာအောင်အိပ်စက်စေနိုင်ပြီးကင်ဆာရောဂါကုထုံးများတွင်လည်းကင်ဆာဆဲလ်များပျံ့ပွားမှုမှကာကွယ်ရန်ယခုထည့်သွင်းအသုံးပြုနေပြီဖြစ်ပါတယ်”ဟုပြောကြားခဲ့ပါတယ်။ ကျွန်ုပ်တို့လည်းဒီလိုအစားအစာများတွေ များများစားပေးခြင်းဖြင့်ကင်ဆာဆဲလ်တွေကို ထာဝရအိပ်စက်အောင် ကြိုးစားသင့်ပါတယ
ကင်ဆာရောဂါကာကွယ်သည့်အစားအစာများ
(၁) ။ ဟင်းခတ်အမွှေးအကြိုင် (၂) ။ ငရုတ်သီး (၃) ။ ဂျင်း (၄) ။လက်ဖက်စိမ်း (၅) ။ ပဲ (၆ )။ ခရမ်းချဉ်သီး(၇) ။ စပျစ်သီး(၈) ။ ကြက်သွန်ဖြူ (9) ။ ဂေါ်ဖီထုပ် (၁၀) ။ ပန်းကော်ဖီ
တွဲဖက်စားလျှင်ကင်ဆာဆဲလ်များကိုလှုပ်ရှားစေနိုင်သည့်အစားအစာများ
(၁) ။ ဘာဂါ ၊ အာလူးကြော် + ကိုလာ (၂ )။ နံရိုးထမင်း+လက်ဖက်ရေ
(၃) ။ ဖက်ထုပ်ကြော် + ပဲနို့ ( ၄) ။ Baked Pasta + Pastry soup
(၅) ။ ကြက်ကြော် + ဘီယာ ( ၆) ။ထမင်းကြော် + အသားလုံးဟင်းရည်
(၇) ။ ခေါက်ဆွဲ + ရေခဲမုန့် ( ၈) ။ ထမင်းပေါင်း + ငါးသားလုံးဟင်းရည်
(၉) ။အမဲသားခေါက်ဆွဲ + မုန့်ညှင်းချဉ် (၁၀) ။ အသားလုံးကြော် + Oden

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ