မြန်မာဘာသာ
You are here: Home > Lifestyle > Article

တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ညီငယ် ညီမငယ်များအတွက်

2016-02-27 14:19:45


တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ညီငယ် ညီမငယ်များအတွက်


တက္ကသိုလ်ဝင်တန်းစာမေးပွဲအတော့်ကိုနီးလာပြီးဖြစ်တဲ့အတွက်ညီငယ်ညီမငယ်များအတော့်ကိုစိတ်လှုပ်ရှားနေမမယ်လို့ထင်ပါတယ်။နှစ်စဉ်နှစ်တိုင်းဒီလိုအချိန်ဆိုရင်မိဘတွေရောညီငယ်ညီမငယ်တွေပါစိတ်အလှုပ်ရှားဆုံး၊ဖိအားအများဆုံးဖြစ်ပါတယ်။ကိုယ်ကိုယ်တိုင်လည်း၁၀တန်းတုန်းကနေ့ရောညပါမနားစာကျက်လိုက်စာပြန်နွှေးလိုက်နဲ့ချာလပတ်ကိုရမ်းနေတာပါပဲ။ဒီအချိန်ဟာစိတ်ဓာတ်ကိုရော ခန္ဓာကိုယ်ကိုပါစမ်းသပ်တဲ့အချိန်ဖြစ်ပါတယ်။


တက္ကသိုလ်ဝင်တန်းဖြေချိန်မှာညီငယ်၊ညီမငယ်များမကြာခဏဆိုသလိုနာမကျန်းဖြစ်တတ်ပါတယ်။စိတ်ဖိစီးမှုများသည်ကတစ်ကြောင်း၊တစ်နေကုန်ဦးနောက်ကိုအနားမပေးပဲစာကျက်လိုက်စာပြန်နွှေးလိုက်တို့ကြောင့်ကိုယ်နွမ်းသည်ကတစ်ကြောင်းနှင့်ကိုယ်ခံအားနည်းလာပြီးအအေးပတ်ခြင်း၊နူံးချိခြင်းစတဲ့ကျန်းမာရေုးပြဿနာအသေးလေးတွေဖြစ်တတ်ပါတယ်။ကိုယ်ကျန်းမာမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တစ်နှစ်ပတ်လုံး အားကြိုးမာန်တက် လေ့လာထားသမျှစာတွေကို ကောင်းမွန်စွာဖြေဆိုနိုင်မှာပါ။

တစ်နာရီ စာလေ့လာပြီးတိုင်း ၅ မိနစ်လမ်းလျှောက်ပေးပါ ။ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်လုပ်ပေးပါ ၊အိပ်ရေး ၀၀အိပ်ပါ ။အိပ်ရေးဝမှဦးနှောက်က ကောင်းစွာအလုပ်လုပ်နိုင်မှာဖြစ်ပြီး မိမိလေ့လာထားသမျှ စာတွေကို ကောင်းစွာ မှတ်သားနိုင်မှာဖြစ်ပါတယ်။ အအေးစာများ ၊အသုပ်များ ၊ အအေးများကို လျှော့စား လျှော့သောက်ပါ ။အလွယ်တကူ ၀မ်းပျက် ၀မ်းလျှောဖြစ်နိုင်တာကြောင့်ဖြစ်ပါတယ် ။ ယခုနှစ်ဟာ အယ်နီညို နှစ်ဖြစ်တဲ့အတွက် တတ်နိုင်သမျှနေ့ခင်းဖက်တွေမှာအပြင်ကိုမထွက်ပါနဲ့ အပူရှပ်နိုင်ပါတယ်။  အာဟာရ ပြည့်အောင်စားပါ ။ ပရိုတိန်းပါတဲ့အစားအစာတွေများများစားပါ ။အသား ၊ ငါးကလေး များများစားပေးပါ ဦးနှောက်မှတ်ဥာဏ်ကိုအားကောင်းစေပါတယ် ။ တစ်နေ့ကို အသီးနှစ်လုံး၊ ၅၀၀ ဂရမ်စားပေးပါ ။ ဟင်းနုနွယ်ရွက်၊ မုန်လာဥနီ များများစားပေးပါ မှတ်ဥာဏ်တိုးစေပါတယ်။ ရေများများသောက်ပေးပါ ။ လိုအပ်ရင် ဓာတ်ဆားရေသောက်ပေးပါလို့ China.com မှတက္ကသိုလ်ဝင်တန်းဖြေဆိုမည့်ညီငယ်ညီမငယ်များအတွက် ရေးသားတင်ပြရင်း ညီငယ် ညီမငယ်များအားလုံး ဂုဏ်ထူးများစွာနဲ့ အောင်မြင်နိုင်ပါစေ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။


သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ