မြန်မာဘာသာ

သတင်းစာတိုက်မှာအလုပ်ဝင်နေတဲ့ရှောင်မီဟာ မိခင်ဖြစ်သူ ၀မ်ရှူးဝှာကိုအသိမပေးပဲ သားဖွားမီးယပ် ဆရာဝန် ကျင်းလျန့်နဲ့ လက်ထပ်လိုက်ပါတယ်။ ၀မ်ရှူးဝှာဟာ အိမ်ထောင်ဖက်ဖြစ်သူနဲ့ ကွာရှင်းခဲ့တာ နှစ်ပေါင်းအတော်ကြာပြီမို့ ရှောင်မီကို တစ်ယောက်တည်း ပြုစုပျိုးထောင်လာခဲ့တာပါ။ ရှောင်မီ လက်ထပ်တဲ့အကြောင်းကိုသိလိုက်ရတဲ့ ၀မ်ရှူးဝှာဟာ အလွန်စိတ်ဆိုးသွားပါတယ်။ ကွာရှင်းထား သူခင်ပွန်းရဲ့ဖျောင်းဖြမှုနဲ့ ရှောင်မီနဲ့ ကျင်းလျန့်တို့ရဲ့ တောင်းပန်မှုကြောင့် ၀မ်ရှူးဝှာဟာ အဖြစ်မှန်ကိုလက်ခံလိုက်ရပါတော့တယ်။

 လက်ထပ်ပြီးနောက်မှာ ကျင်းလျန့်က ရှောင်မီကို အလွန်ဂရုစိုက်လှပါတယ်။ ဒါပေမယ့် ဘ၀ခရီးဆိုတာ ထင်ထားသလို ချိုမြိန်သာယာနေတတ်တာမဟုတ်ပါဘူး။ ရှောင်မီနဲ့ ယောက္ခထီးတို့ကြားမှာ စိတ်အခန့်မသင့်စရာ အဖြစ်အပျက်လေးတွေအမြဲမို့ ကျင်းလျန့်က ကြားဝင်ဖြေရှင်းပေးရလေ့ရှိပါတယ်။ ပြီးတော့ ၀မ်ရှူးဝှာနဲ့ ကျင်းလျန့်ဖခင်ဖြစ်သူတို့ကြားမှာရှိတဲ့ အဖုအထစ်လေးတွေကလည်း အဆက်မပြတ်ပါဘူး။

 ဒီလိုနဲ့ ရှောင်မီနဲ့ကျင်းခတ်လျန့်တို့ဟာ အလွန်စိတ်ပင်ပန်းရပါတယ်။ ဒါ့ကြောင့် ရှောင်မီနဲ့ ကျင်းလျန့်တို့ဟာ အိမ်ခွဲနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရှောင်မီဟာ ကိုယ်ဝန်ရုတ်တရက်ရနေတာကို ဘယ်သူမှ သတိမပြုမိကြပါဘူး။ ဒီအချိန်မှာ အိမ်တွင်းရေးစိတ်ရှုပ်မှုများနဲ့အတူ ကိုယ်ဝန်ဟာ ပျက်ကျသွားပါတော့တယ်။  သားဖွားမီးယပ်ဆရာဝန်ဖြစ်လျက်နဲ့ ဇနီးဖြစ်သူကိုယ်ဝန်ရှိနေတာတောင် မသိတဲ့အတွက် ကျင့်လျန့်ကို ၀မ်ရှူးဝှာက အပြစ်တင်ပြီး ကွာရှင်းဖို့ ပြောသလို ကျင်းလျန့်ဟာလည်း အလွန်စိတ်မကောင်းဖြစ်မိပါတယ်။

ကျင်းတကျုဟာ  သူ့ကိုယ်ပိုင်တိုက်ခန်းကိုရောင်းပြီး ကျင်းလျန့်တို့အိမ်ဝယ်ဖို့စရံထုတ်ပေးခဲ့သလို သူကိုယ်တိုင်လည်း ရှောင်မီနဲ့ကျင်းလျန့်တို့အိမ်သစ်မှာအတူနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။  ဒီလိုနေရင်းကနေ ရှောင်မီတို့ကို ၀မ်ရှူးဝှာကလည်း သူ့အိမ်မှာလာနေဖို့ ဆွယ်ပါတယ်။ ဒါဟာ ကျင်းလျန့်ဖခင်ဖြစ်သူအတွက် ဦးနှောက်ခြောက်စရာပါ။ ဒီအချိန်မှာ ကျင်းလျန့်အမဖြစ်သူကလည်း သူများဆီကနေ ပိုက်ဆံများချေးငှားပြီး စီးပွားရေးလုပ်ရင်း အရှုံးပေါ်တာကြောင့် ကျင်းလျန့်ဖခင်အတွက် စိတ်ညစ်စရာပေါ် စိတ်ညစ်စရာထပ်ဖြစ်လာရပါတယ်။

အပိုင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ