မြန်မာဘာသာ
You are here: Home > Film > News > Article

မြင်သမျှ တွေ့သမျှတရုတ်အွန်လိုင်းစတားတွေပြောတဲ့မြန်မာ

2015-06-19 12:30:18

တရုတ်ဟွမ်ချူဝက်ဆိုက်(http://www.huanqiu.com)နဲ့တရုတ်-မြန်မာချစ်ကြည်ရေးအသင်းတို့ပူးပေါင်းစီစဉ်တဲ့ပိုးလမ်းမသစ်ကြီး-တရုတ်အွန်လိုင်းစတားများခရီးစဉ်အရ တရုတ် အွန်လိုင်းပေါ်က နာမည်ကျော်ကြားသူ၁၂ဦးအဖွဲ့ဟာ ဧပြီ၈ရက်ကနေ ၁၆ရက်နေ့အထိမြန် မာနိုင်ငံသို့ လာရောက်လည်ပတ်ကြပါတယ်။သူတို့ဟာ ရန်ကုန်၊နေပြည်တော်၊မန္တလေးနဲ့ပုဂံ တို့သို့ သွားရောက်လည်ပတ်ခဲ့ပြီး မြန်မာ့လူမှုဘ၀နဲ့ ယဉ်ကျေးမှုဆိုင်ရာတွေကို လေ့လာခဲ့ ကြပါတယ်။


မြင်သမျှ တွေ့သမျှတရုတ်အွန်လိုင်းစတားတွေပြောတဲ့မြန်မာ


ကိုယ်စားလှယ်အဖွဲ့မှာ နာမည်ကျော်တရုတ်စာပေပန်းချီပညာရှင် ဘုန်းတော်ကြီးယန်ဆန် ၊ ဒဏ္ဍာရီပုံပြင်ဘုရင်ကျင့်ယွမ်ကျယ်၊ နာမည်ကျော်ယဉ်ကျေးမှုပညာရှင် ကျန်းယိဝူ၊ နိုင်ငံတကာရေးရာ ပါရဂူ မာရှောင်လင်၊ရောင်းအားအကောင်းဆုံးဝတ္ထု The Graver Robbers Chroniclesစာရေးဆရာနန်ဖိုင်စန်းရှူး၊ ဟောင်ကောင်တီဗွီ ရုပ်သံတွေ့ဆုံမေးမြန်းခန်း ကြီးကြပ်ရေးမှူး ချင်ဖိန်၊ ဓာတ်ပုံပညာရှင် ၀ှမ်ရှန့်ယို အပါအ၀င် ၈၅ ခုနှစ်နောက်ပိုင်းဖွား ဘုန်းတော်ကြီးဟိန်ကျွမ်နဲ့အခြားသောပုဂ္ဂိုလ်များ ပါဝင်ပါတယ်။ သူတို့ဟာ sina microblog မှာ လူကြိုက်များတဲ့ အွန်လိုင်းနာမည်ကျော်များဖြစ်ရုံသာမက လက်ရှိအချိန် နယ်ပယ်မျိုးစုံမှာ ဂယက်ရိုက်ခတ်နိုင်စွမ်းတဲ့သြဇာရှိတဲ့ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ အဖွဲ့တစ်ဖွဲ့လုံးရဲ့ microblog အချစ်တော်စုစုပေါင်းဟာ ၈၀၀၀၀၀၀၀ ကျော်ရှိပါတယ်။

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ