မြန်မာဘာသာ
You are here: Home > Film > News > Article

မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန၊ဒုညွှန်ချုပ် ဦးဝင်းကြည်နှင့်တွေ့ဆုံခြင်း

2015-06-02 13:24:22

     

မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန၊ဒုညွှန်ချုပ် ဦးဝင်းကြည်နှင့်တွေ့ဆုံခြင်း


  တရုတ်၊ဟိုင်နန်ပြည်နယ်၊ပိုအော်မြို့မှာ မတ်လ၂၆ရက်နေ့ကစပြီး၂၉ရက်နေ့အထိ ၂၀၁၅ခုနှစ် ပိုအော်အာရှဖိုရမ်ကိုကျင်းပခဲ့ပါတယ်။

      ပိုအော်အာရှဖိုရမ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပိုအော်အာရှဖိုရမ်၊မီဒီယာခေါင်းဆောင်များအစည်း အဝေးကိုလည်း ကျင်းပပါတယ်။မီဒီယာခေါင်းဆောင်များအစည်းအဝေးကို မြန်မာနိုင်ငံ၊ပြန်ကြားရေးဝန်ကြီး ဌာန၊မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနမှဒုညွှန်ချုပ် ဦးဝင်းကြည်တက်ရောက်ခဲ့ပါတယ်။

      ဦးဝင်းကြည်နဲ့ ပိုအော်မြို့မှာတွေ့ဆုံစဉ်  စီအာအိုင်သတင်းထောက် ဇင်မာက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ယခုတင်ဆက်မှုမှာ ဦးဝင်းကြည်ရဲ့ ဖြေကြားမှုထဲမှ  ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါ တယ်။

-ဆရာတက်ရောက်ခဲ့တဲ့ မီဒီယာခေါင်းဆောင်များ စားပွဲဝိုင်းဆွေးနွေးပွဲရဲ့ ဆွေးနွေးမှုတွေထဲက ဆရာစိတ်အ ၀င်စားဆုံး အကြောင်းအရာကိုပြောပြပေးပါ။

      ကျွန်တော်တို့ ဒီဒေသမှာ ယဉ်ကျေးမှုတွေဟာ မတူကွဲပြားခြားနားကြပါတယ်။အဲဒီမတူကွဲပြားခြား နားတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ မတူကွဲပြားခြားနားတဲ့ လူ့အသိုင်းအ၀ိုင်းတွေကြားထဲမှာ ကျွန်တော်တို့ ရဲ့တာဝန်၊မီဒီယာအနေနဲ့ မတူကွဲပြားခြားနားတဲ့ ပြည်သူတွေအကြား ရင်းနှီးမှု၊ဆက်ဆံမှု၊ဆက်သွယ်မှု၊နား လည်မှုတွေ မြှင့်တင်လာအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ၊ဘယ်လိုလုပ်ကြမလဲဆိုပြီးတော့ ညှိနှိုင်းဆွေးနွေးတဲ့အပိုင်းကို ကျွန်တော့်အနေနဲ့ အရမ်းစိတ်ဝင်စားပါတယ်။တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်နိုင်မှ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်နားလည်ပြီးတော့ ကျွန်တော်တို့ဟာ ရှေ့လျှောက်မှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ပြီးတော့ ကျွန်တော်တို့ရဲ့ဒေသတစ်ခုလုံးဟာ သာသာယာ ယာနဲ့ အားလုံးဖွံ့ဖြိုးတိုးတက်တဲ့ အခြေအနေကို ရောက်ရှိမှာဖြစ်ပါတယ်ခင်ဗျ။

1234...>

သက်ဆိုင်ရာသတင်းများ

မိတ်ဆက်ဖြန့်ချိ

Follow us

ဝန်ဆောင်မှုသတင်းအချက်အလက်

သတင်း တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းတွဲများ ယနေ့တရုတ်ပြည် တွေ့ဆုံမေးမြန်းခန်း ကျန်းမာရေးနှင့် အလှအပ ဓာတ်ပုံကမ္ဘာ